28 C
Yangon

ပြည်မြို့နယ်တွင် ရဲများနှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသော ပျူစောထီး ငထွန်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် ရဲများနှင့် ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးငွေညှစ်နေသော ပျူစောထီး ငထွန်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း ပြည်ခရိုင်တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော်Red Star က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ပေါက်ခေါင်းမြို့နယ်အပိုင် ပတ္တမြားတောင်ရွာအနီးရှိ ကြက်ဝိုင်းကို လာရောက်သော ပျူစောထီး ငထွန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးတိုင်းစစ်ဌာန၊ အမှတ် ၂၁ ဗျူဟာ၊ ပြည်ခရိုင် တပ်ရင်း ၂ မှ ရဲဘော်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ငထွန်းသည် ပြည်မြို့နယ်၊ ဝက်ထီးကန်နယ်မြေရဲစခန်းရှိ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲများ နှင့်ပူးပေါင်းပြီး ဒေသ ပြည်သူများကို စစ်မှုထမ်းသစ်အဖြစ် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ လွှစင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဝဏ္ဏနှင့် ပူးပေါင်းပြီး ပြည်သူများကို ဖိနှိပ်ခြင်း၊ ပေါ်တာဆွဲခံရသည့် ပြည်သူများကို အခကြေးငွေဖြင့် ပြည်လည်ထုတ်ယူပေးခြင်း၊ တော်လှန်ရေးအဖွဲ့အစည်းများ၏ အချက်အလက်များ၊ သတင်းရင်းမြစ်များကို စုဆောင်းပြီး အကြမ်းဖက် စစ်တပ်ထံ ပေးပို့ခြင်းများ ပြုလုပ်ခြင်း၊ စစ်သားနှင့် ရဲများကို ၎င်းနေအိမ်တွင် ခေါ်ယူပြီး သောက်စားကာ ဒိုးဝိုင်း၊ လောင်းကစားဝိုင်းများကို လုပ်ကိုင်လေ့ရှိသည့် အကြမ်းဖက် စစ်တပ် ဒေါက်တိုင် တစ်ဦး ဖြစ်သောကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ငထွန်းကိုရှင်းလင်းတာက ပေါက်ခေါင်းမြို့နယ်အပိုင် ပတ္တမြားတောင်ရွာအနီးက ကြက်ဝိုင်းမှာ ပစ်ခတ် ရှင်းလင်းခဲ့တာပါ။ ငထွန်းရဲ့ သားက အကြမ်းဖက် စစ်တပ် လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲလို့လည်း သိရပါတယ်။ ငထွန်း အလောင်းကို ၁၂ ရက်နေ့မှာ အသုဘချပြီး ၁၅ ရက်နေ့မှာ ဆွမ်းသွပ်တယ်လို့ သိရတယ်” ဟု ပြည်ခရိုင်တပ်ရင်း ၂ ပြည်သူ့ကာကွယ်ရေးတပ်မတော် သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ရဲဘော် Red Star က ပြောဆိုသည်။

ဆက်လက်၍ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်းပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်တပ်နှင့် ပတ်သက် ဆက်စပ်သည့် နေရာများကို သွားလာနေထိုင်ခြင်းမပြုကြရန် ရဲဘော် Red Star က သတိပေးပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article