26 C
Yangon

ဖားဆောင်းမြို့ကို ထိန်းချုပ်လိုက်သော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များ တိုက်ပွဲများ အပြင်းအထန်ဖြစ်နေ၊ ဖားဆောင်းမြို့နှင့် ဖားဆောင်း- ဘောလခဲ လမ်းကို တော်လှန်ရေးတပ်များ လက်လွှတ်ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၆

ကရင်နီပြည်၊ ဖားဆောင်းမြို့ကို ချီတက်လာသော စစ်တပ်စစ်ကြောင်းနှင့် တိုက်ပွဲပေါင်း ၃၀ ကျော် ဖြစ်ပြီး စစ်တပ်ဘက်မှ ၁၀၀ ကျော်ထိခိုက်သေဆုံးကာ ဖားဆောင်းမြို့တွင် တိုက်ပွဲဆက်လက်ပြင်း ထန်နေဆဲဖြစ်ကြောင်း ကရင်နီတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံ သို့ ပြောကြားသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ကရင်နီတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည် ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကော်မရှင်တပ် များအကြား တိုက်ပွဲကြီးနှင့် တိုက်ပွဲငယ် ၃၁ ကြိမ်ဖြစ်ခဲ့ကြောင်း စစ်တပ်က သတင်းထုတ်ပြန်သည်။

“တိုက်ပွဲကတော့ ဖြစ်နေတုန်းပဲ။ စခတွေဘက်က အနည်းဆုံး ၁၀၀ ကျော်လောက်သေမယ်။ ဒဏ်ရာ ရတာတွေကလည်း များတယ်။ ဒါက ဘောလခဲနဲ့ ဖားဆောင်းကြားပဲ၊ ကျန်တာမပါသေးဘူး။ သူတို့က ပစတွေကို ရှေ့ကနေ အသေခံ တက်ခိုင်းပြီး ရင်းတာ။ ပစတွေကို တော်တော်လေး ရင်းပြီး ထိုးစစ် ဆင်တာ၊ ။ အဲဒါကြောင့် ကျနော်တို့ဘက်က ဆုတ်ရင်း၊ ဆုတ်ရင်းနဲ့ ရောက် သွားတာ။ အခုကတော့ ဖားဆောင်းနဲ့ ဘောလခဲလမ်းမကြီးကို စခတွေပိုင်သွားပြီ” ဟု ကရင်နီတော် လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၄ ရက်နေ့မှစ၍ ဘောလခဲမြို့သို့ရောက်ရှိနေသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းက ဖားဆောင်းမြို့ရှိ လက်ကျန်တပ်ရင်းများဖြစ်သော ခလရ ၁၃၄ ၊ ခလရ ၁၃၅ တို့ကို စစ်ကူအင်အား ဖြည့်တင်းနိုင်ရေးအတွက် စစ်မှုထမ်းတပ်သား အင် အား ၅၀၀ ကျော်အသုံးပြုကာ ရန်နိုင်မင်း စစ်ဆင် ရေးအမည်ဖြင့် လှုပ်ရှားလာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ကြောင့် ဖားဆောင်းမြို့ရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ စာသင်ကျောင်းများ၊ ဆေးရုံ၊ ဆေးခန်းများ၊ လူနေအိမ်များ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article