By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်တပ်လက်အောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက လာမယ့်မတ်လမှာ စတင်မယ့် ပြည်ထောင်စုလွှတ်တော်မှာ အစိုးရသစ်ဖွဲ့စည်းရေးကိစ္စတွေကို အကြမ်းဖက်မင်းအောင်လှိုင် ကသာ တိုက်ရိုက်ကိုင်တွယ်နေပြီး ပါတီအတွင်းမှာ တိုင်ပင်ဆွေးနွေးတာလုံးဝမရှိဘူးလို့ ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ပြောပါတယ်။
အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တီမောလက်စတေး ရဲ့ သံတမန်ကို မြန်မာနိုင်ငံက နှင်ထုတ်လိုက်တဲ့ လုပ်ရပ်အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။
ပဲခူးတိုင်း၊ ပြည်မြို့နယ်မှာ ရဲတွေနဲ့ ပူးပေါင်းပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးကာ ငွေညှစ်နေတဲ့ ပျူစောထီး ငထွန်းကို ပစ်ခတ်တိုက်ခိုက်ရာ သေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပြည်ခရိုင်တပ်ရင်း ၂ က ပြောပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲမှာ ရုရှားဘက်က စစ်ကူတိုက်ရင်း သေဆုံးခဲ့တဲ့ မြောက်ကိုရီးယားစစ်သည် မိသားစုတွေအတွက် ကင်ဂျုံအန်းကိုယ်တိုင် အိမ်ရာသစ်တွေ ဖွင့်လှစ်ပေးလိုက်ပါတယ်။
ရုရှား-ယူကရိန်းစစ်ပွဲအတွင်းမှာ ရုရှားဘက်ကနေ ပါဝင်တိုက်ခိုက်ပေးရင်း အသက်ပေးခဲ့ရတဲ့ မြောက်ကိုရီးယား စစ်သည်တွေရဲ့ မိသားစုတွေအတွက် ခေါင်းဆောင်ကင်ဂျုံအန်းက ပြုံးယမ်းမြို့တော်မှာ အိမ်ရာခရိုင်သစ် တစ်ခုကို အောင်အောင်မြင်မြင် တည်ဆောက်ပြီးစီးကြောင်း ကြေညာပြီး ကိုယ်တိုင်သွားရောက် ဖွင့်လှစ်ပေးခဲ့တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




