26 C
Yangon

ဖားဆောင်းမြို့နေရာတချို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက်တိုက်ပွဲ အပြင်းအထန်ဖြစ်ကာ သံလွင်တံတား (ဖားဆောင်း) ကျိုးကျ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

ကရင်နီပြည်၊ ဖားဆောင်းမြို့နေရာတချို့ကို စစ်တပ်က ထိန်းချုပ်ပြီးနောက် တိုက်ပွဲ အပြင်းအထန်ဆက်လက် ဖြစ်ပွားနေကာ သံလွင်တံတား (ဖားဆောင်း)မှာလည်း ကျိုးကျသွားကြောင်း ကရင်နီတော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကရင်နီတော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဖားဆောင်းမြို့ကို အကြမ်းဖက်စစ်တပ်က ပြန်လည် ထိန်းချုပ်လိုက်ပြီး ကရင်နီတော်လှန်ရေးတပ်များနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေဆဲဖြစ်ကြောင်း၊ စစ်တပ်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းတိုက်ခိုက်မှု ပစ်ကူများစွာဖြင့် ဦးစွာ တိုက်ခိုက်ပြီးမှ မြေပြင်တွင်လည်း စစ်ကြောင်းများ အလုံးအရင်း တက်လာကြောင်း၊ ကရင်နီတော်လှန်ရေးတပ်များက ဖားဆောင်းမြို့ပေါ်နေရာတချို့မှ ဆုတ်ခွာပေးလိုက်သော်လည်း စစ်တပ်ကို ဆက်လက်ခုခံ တိုက်ခိုက်နေဆဲဖြစ်ကြောင်း သိရှိရသည်။

“ဖားဆောင်းတစ်မြို့နယ်လုံး သူတို့ သိမ်းတာမဟုတ်ဘူး။ မြို့ပေါ်နေရာ ကွက်ကွက်လေးကို သူတို့ တပ်တွေ ဝင်ထိုင်နေတာ။ ခလရ ၁၃၅ ကိုလည်း သူတို့ တပ်တွေ စစ်ကူဝင်နေပြီ။ တိုက်ပွဲကတော့ အပြင်းအထန် ဖြစ်နေတုန်းပဲ” ဟု ကရင်တော်လှန်ရေး သတင်းရင်းမြစ်က ရှင်းပြသည်။

လက်ရှိ စစ်တပ်က လက်နက်ကြီးများ အလွန်အကျွံ့ အသုံးပြုနေသည့်အပြင် သံလွင်တံတား (ဖားဆောင်း)မှာလည်း ကျိုးကျသွားကြောင်း ၊ စစ်တပ်က ဖားဆောင်း သံလွင်မြစ်ကူးတံတားကို ကာမီကာဇေဒရုန်းများ၊ လက်နက်ကြီးများဖြင့် ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

“သံလွင်တံတားကတော့ ကျိုးသွားပြီ။ လက်နက်ကြီး ကျလို့ ကျိုးတာလည်းဖြစ်နိုင်တယ်၊ ဘယ်လိုကျိုးသွားလဲတော့ သေချာမသိဘူး။ တံတားကျိုးတာတော့ သေချာတယ်” ဟု ကရင်နီစစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article