By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၇ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-KIO အနေနဲ့ စစ်ကိုင်းတိုင်းကို အိမ်ခြံဝင်း တံခါးပေါက် အဖြစ် ရန်သူကို စောင့်မှာဖြစ်ပြီး မြောက်ပိုင်း တစ်ခုလုံးကို ထိန်းချုပ်ရေး ရည်မှန်းထားတယ်လို့ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ရဲ့ မိန့်ခွန်းထွက်ပေါ် လာပြီးတဲ့နောက် ရက်ပိုင်းအတွင်း မင်းအောင်လှိုင်က စစ်ကိုင်းတိုင်းနှင့်နာဂခရီးစဉ်ကို ချက်ချင်းစီစဉ် ထွက်သွားတယ်လို့ နေပြည်တော်စစ်ဘက် သတင်းရင်းမြစ်က ပြောပါတယ်။
အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အဂတိလိုက်စားမှု အမြင့်ဆုံးနိုင်ငံအဖြစ် မြန်မာနိုင်ငံက ရပ်တည်နေ တယ်လို့ ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု စောင့်ကြည့်ရေးအဖွဲ့ဖြစ်တဲ့ Transparency International (TI) ကထုတ်ပြန်တဲ့ ၂၀၂၅ ခုနစ်အတွက် CPI အညွှန်းကိန်း အစီရင်ခံစာအရ သိရပါတယ်။
တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်နှင့် ထားဝယ်မြို့နယ် တို့မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပြီး စစ်တပ်က မနေ့က ညနေပိုင်းထိ လေယာဉ်နဲ့ ဆက်တိုက်ဗုံးကျဲနေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
နိုင်ဂျီးရီးယားမှာ လက်နက်ကိုင်အဖွဲ့တွေ သောင်းကျန်းနေ မှုကြောင့် အမေရိကန်စစ်သည် ၁၀၀ စေလွှတ်လိုက်ပြီး တိုက်ပွဲမှာ တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘဲ အကြံပေးအဖြစ်သာ ဆောင်ရွက်မယ်လို့ အမေရိကန်က ကြေညာလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




