26 C
Yangon

ပခုက္ကူမြို့ အခြေစိုက် တပ်မ ၁၀၁ မှ စစ်မှုထမ်းတပ်သား ၁ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၇

မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ မှ စစ်မှုထမ်းတပ်သား ၁ ဦး ထွက်ပြေးလာပြီး အလင်း ဝင်ခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလအတွင်း အတင်းအဓမ္မ ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်မှုထမ်း တပ်သား အဖြစ် စုဆောင်းခံရသော အဆိုပါ စစ်သားက ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ သို့ ရောက်ရှိစဉ် မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ – လျှပ်စီးတပ်ခွဲထံသို့ ဆက်သွယ်ကာ ထွက်ပြေးလာပြီး အလင်းဝင် ရောက်ခဲ့ကြောင်း သိရသည်။

“လက်နက်တော့မပါဘူး။ ပခုက္ကူ တပ်မ ၁၀၁ ကနေ ခေါ်ထုတ်လာခဲ့ရတာ မနေ့ကပဲ သူ့ရဲ့မိသားစု တွေထံကို ပို့ဆောင်ပေးပြီးပါပြီ ” ဟု မုံရွာခရိုင် အမှတ် ၁၂ တပ်ရင်း ၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲမှ တာ ဝန်ရှိသူက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ အလင်းဝင်ရောက်ခဲ့သူသည် ရှမ်းပြည်နယ်၊ ရပ်စောက်မြို့ စစ်သင်တန်းကျောင်း၌ ၃ လ အကြာ သင်တန်းတက်ရောက်ခဲ့ရပြီး မိတ္ထီလာမြို့၌ မွမ်းမံသင်တန်း ၃ ရက်ထပ်မံတက်ရောက်ခဲ့ရ ကြောင်း၊ ထိုသို့ မွမ်းမံသင်တန်းပေးပြီးနောက် ပခုက္ကူမြို့အခြေစိုက် တပ်မ ၁၀၁ သို့ ပို့ဆောင်ခံရ သူဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်စစ်တပ်အတွင်း ရောက်ရှိနေသည့် စစ်မှုထမ်းတပ်သား ၈၀ ရာခိုင်နှုန်းမှာ ထွက်ပြေး လွတ်မြောက်ရန် ကြိုးစားလျက်ရှိပြီး တော်လှန်ရေးတပ်ဖွဲ့များ၊ ပြည်သူများအနေဖြင့် လည်း ကြုံတွေ့ခဲ့ပါက တတ်နိုင်သမျှ ကူညီကယ်တင်ပေးကြပါရန် မုံရွာခရိုင်၊ အမှတ် ၁၂ တပ်ရင်း၊ တပ်ခွဲ ၃ လျှပ်စီးတပ်ခွဲက တိုက်တွန်းနှိုးဆော်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article