26 C
Yangon

ထိုင်းနိုင်ငံ၊ဖိကျစ်ခရိုင်တွင် ခိုးဝင်လာသော တရားမဝင် မြန်မာနိုင်ငံသား ၂၈ ဦး ဖမ်းဆီးခံရ

Must read

၁၇ ဖေဖော်ဝါရီ ၂၀၂၆

ထိုင်းနိုင်ငံ၊ ဖိကျစ်ခရိုင်အတွင်း တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများကို သယ်ယူလာသော လူကုန်ကူးမှုကွန်ရက်တစ်ခုကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသမှတစ်ဆင့် ထိုင်းနိုင်ငံအလယ်ပိုင်းသို့ တရားမဝင် အလုပ်သမားများ ခိုးယူသယ်ဆောင်နေသည့် ကွန်ရက်တစ်ခုကို ဖမ်းဆီးရရှိခဲ့ကြောင်း၊ အဝေးပြေးလမ်းမတွင် သတင်းအရ မော်တော်ယာဉ် ၃ စီးကို တားဆီးစစ်ဆေးရာမှ တရားမဝင် ဝင်ရောက်လာသော မြန်မာနိုင်ငံသားများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများကို သယ်ဆောင်လာသည့် ချင်းမိုင်လိုင်စင် Mazda ကားတစ်စီး၊ Toyota ဗန်ကားတစ်စီးနှင့် Toyota ပစ်ကပ်ကားတစ်စီးတို့ကိုလည်း သိမ်းဆည်းရရှိကြောင်း သိရှိရသည်။

အဆိုပါ မော်တော်ယာဉ် ၃ စီးပေါ်တွင် အထောက်အထားမဲ့ မြန်မာနိုင်ငံသား ၂၈ ဦးကို တွေ့ရှိခဲ့ရပြီး ကားမောင်းနှင်သူ ၃ ဦးကိုလည်း အတူတကွ ဖမ်းဆီးခဲ့ရရှိခဲ့ကြောင်း ကားမောင်းသူများမှာ မြန်မာနိုင်ငံသား ၂ ဦး နှင့် ထိုင်းနိုင်ငံသား ၁ ဦးတို့ ဖြစ်ကြောင်း သိရှိရသည်။ ။

ဖမ်းဆီးရရှိသည့် မြန်မာအလုပ်သမားများ၏ ထွက်ဆိုချက်အရ ၎င်းတို့သည် မြန်မာနိုင်ငံမှတစ်ဆင့် သဘာဝအတောလမ်းများကို အသုံးပြု၍ ချင်းမိုင်မြို့သို့ အရင်ဝင်ရောက်ခဲ့ကြခြင်း ဖြစ်ကြောင်း၊ ထိုမှတစ်ဆင့် ထိုင်းနိုင်ငံအလယ်ပိုင်းတွင် အလုပ်လုပ်ကိုင်နိုင်ရန် ပွဲစားများကို တစ်ဦးလျှင် ထိုင်းဘတ် ၈,၅၀၀ စီ ပေးချေခဲ့ရကြောင်း ဝန်ခံထားသည်။

လောလောဆယ်တွင် ဖမ်းဆီးရမိသူအားလုံးကို ရဲစခန်းသို့ ပို့ဆောင်ကာ ဥပဒေအရ အရေးယူထားပြီး၊ နောက်ကွယ်မှ အဓိက လူကုန်ကူးမှုကွန်ရက်ကြီးကို ထပ်မံဖော်ထုတ်နိုင်ရန် အာဏာပိုင်များက ဆက်လက်စုံစမ်းလျက်ရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article