Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၁၈ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၈ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက် မင်းအောင်လှိုင်သမီး ခင်သီရိသက်မွန်ရဲ့ စီးပွားဘက်တွေနဲ့ ဆက်နွယ်နေတဲ့ ရွှေနဒီရွှေရည် ရုပ်သံလိုင်းထုတ်လွှင့်မှု အခမ်းအနားကို အကြမ်းဖက် စစ်တပ်ရဲ့ နံပါတ် ၃ ခေါင်းဆောင် ကျော်စွာလင်း၊ ဝန်ကြီးချုပ် ညိုစောနဲ့ ပြန်/ဝန် မောင်မောင်အုန်း တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ညောင်ပင်ကြီးစု ကျေးရွာစာသင်ကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ၂ ကြိမ်ဗုံးကျဲသွားမှုအတွင်း ပြည်သူ ၃ ဦးသေဆုံးသွားပြန်တယ်လို့ ခင်ဦးမြို့နယ် တော်လှန် ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာရှိတဲ့ အင်းတော်ကြီးဒေသမှာ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ရှမ်းနီ SNA တပ်တွေက အရွယ်မရောက်သေးတဲ့ အခြေခံပညာကျောင်းသား ကျောင်းသူတွေကို စစ်သင်တန်းတက်ဖို့ ခြိမ်းခြောက် ဖိအားပေးနေပြီး တပ်သားသစ် စုဆောင်းနေပြန်တယ်လို့ ဒေသခံ ပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အီရန်နိုင်ငံဟာ သူတို့ရဲ့ အငြင်းပွားဖွယ် နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုနဲ့ သွယ်ဝိုက်ဆွေးနွေးမှုတွေ ပြုလုပ်နေတဲ့အချိန်မှာပဲ၊ အင်္ဂါနေ့က ဟော်မုဇ်ရေလက်ကြားကို ယာယီပိတ်ပစ်လိုက်ပြီးတော့ ကျည်စစ်တွေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




