30 C
Yangon

NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့်ခင်ပွန်းတွင် အဂတိလိုက်စားမှုမရှိဘဲ ဝန်ထမ်းများအပေါ် ချိုသာစွာ ပြောဆိုဆက်ဆံရန် ပြင်းထန်စွာ သတိပေးအမိန့်ချမှတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ဝန်ကြီးချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့်ခင်ပွန်းတွင် အဂတိလိုက်စားမှုမရှိဘဲ ဝန်ထမ်းများအပေါ် ချိုသာစွာ ဆက်ဆံရန် ပြင်းထန်စွာ သတိပေးအမိန့်ချလိုက်ကြောင်း NUG ဝန်ကြီးချုပ်ရုံးက အမိန့်ထုတ်ပြန်သည်။

NUG ဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်း ဦးညီညီမင်းတို့အပေါ် တိုင်ကြားထားသည့်အမှုကို NUGဝန်ကြီးချုပ်ရုံးက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ရာ ဒေါ်ကြည်ပြာအနေဖြင့် အဂတိလိုက်စားမှု ကျူးလွန်ထားခြင်း မရှိသည်ကို စိစစ်တွေ့ရှိရကြောင်း သိရှိရသည်။

၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် NUG ဝန်ကြီးချုပ်ရုံးမှ တွဲဖက်အတွင်းဝန် ၂၊ ညွှန်ကြားရေးမှူးနှင့် ရုံးအဖွဲ့ဝင် ဝန်ထမ်းဟောင်း ၁၉ ဦးက ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ကို လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ အဂတိလိုက်စားခြင်းနှင့် မလျော်ဩဇာသုံး၍ ဝန်ထမ်းများအပေါ် လွှမ်းမိုးခြယ်လှယ်ခြင်းများ ပြုလုပ်သည်ဟုဆိုကာ ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်နေ့တွင် တိုင်ကြားခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုင်ကြားမှုကြောင့် ဒေါ်ကြည်ပြာကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်နေ့မှစ၍ တာဝန်မှ ယာယီရပ်နားကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ စုံစမ်းစစ်ဆေးမှုများ ပြီးဆုံး၍ NUG ဝန်ကြီးချုပ်ရုံးက ပြင်းထန်စွာ သတိပေးအမိန့်ချမှတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားသည့် အမှုကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဦး ဆော င်သည့် စုံစမ်းစစ်ဆေးရေးအဖွဲ့က တိုင်ကြားချက်များအပေါ် စစ်ဆေးခဲ့ကာ ဖေဖော်ဝါရီ ၇ ရက်နေ့တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းထံသို့ အစီရင်ခံစာ တင်သွင်းခဲ့ကြောင်း သိရှိရသည်။

အမှုကို စုံစမ်းစစ်ဆေးရေးမှုများအရ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအပေါ် တိုင်ကြားထားသည့် အဂတိလိုက်စားမှုနှင့် ပတ်သက်၍ တိုင်ကြားသူများဘက်မှ ခိုင်လုံသော သက်သေအထောက်အထား ပြသနိုင်ခြင်း မရှိကြောင်း တွေ့ရှိရသည်။

ယင်းအပြင် တိုင်ကြားခံရသူဘက်မှ ဘဏ္ဍာရေးဆိုင်ရာ စာရင်းဇယားများနှင့် စာရင်းစစ်အစီရင်ခံစာများကို ခုခံတင်ပြခဲ့ရာ NUG ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြင်ပစာရင်းစစ်များ၏ စစ်ဆေးချက်များအရလည်း အဂတိလိုက်စားမှု ကျူးလွန်ထားခြင်းမရှိကြောင်း အတည်ပြုနိုင်ခဲ့သည်။

အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာအနေဖြင့် ဝန်ထမ်းများအပေါ် ပြောဆိုဆက်ဆံရာတွင် နှုတ်ချိုသာမှုမရှိဘဲ ဆက်ဆံခဲ့သည့် အားနည်းချက်ကိုသာ အပြစ်အဖြစ် တွေ့ရှိရသဖြင့် နောင်တွင် ဝန်ထမ်းများအပေါ် ချိုချိုသာသာ ပြောဆိုဆက်ဆံရန် ပြင်းထန်းစွာ သတိပေးခြင်း (Severe Warning) သာ ပြုလုပ်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article