By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၁၉ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံမှာ သင်္ကြန်ကာလ မတိုင်မီ သမ္မတ ရာထူးအပါအဝင် ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဦးစီးချုပ် ခန့်အပ်တာတွေ ဆောင်ရွက်ပြီး အစိုးရသစ် ဖွဲ့စည်းဖို့ ထိုင်းနိုင်ငံဘက်ကမျှော်မှန်းထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ပြောလိုက်ပါတယ်။
အကြမ်းဖက် စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်ရဲ့ ငွေသားကန့်သတ်မှုကြောင့် ပြည်တွင်း လုပ်ငန်းရှင်တွေ အခက်ကြုံနေရပြီး ပြင်ပမှာ ရာခိုင်နှုန်းပေးပြီးတော့ ငွေထုတ်နေရတယ်လို့ ပြည်တွင်းလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။
တရုတ် ကမ်းလွန်ပင်လယ် မှာ စင်ကာပူမှတ်ပုံတင်ထားတဲ့ ကုန်တင်သင်္ဘောတစ်စင်း မီးလောင်ပြီး မြန်မာသင်္ဘောသား ၂ ဦး သေဆုံးခဲ့တယ်လို့ စင်ကာပူအခြေစိုက် The Straits Times သတင်းဌာန က ဖော်ပြထားပါတယ်။
အီရန် နဲ့ အမေရိကန်ကြား ဆွေးနွေးမှု တိုးတက်မှုမရှိပဲ ပြီးဆုံးခဲ့ပြီးတဲ့နောက် တင်းမာမှုတွေ ပိုမိုမြင့်တက်လာနေပြီး အီရန်နဲ့ ရုရှား ပူးတွဲစစ်ရေးလေ့ကျင့်မှုအပေါ်ကိုပါ အမေရိကန်က စစ်ရေးအရ တုံ့ပြန်မယ်လို့ ထပ်မံသတိပေးလိုက်တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




