26 C
Yangon

ရေစကြိုမြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိပြီး အထိနာ‌သော စစ်တပ်က သမန္တပိုရွာမှ နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သားများ ထိခိုက်မှုရှိပြီး အထိနာ‌သော စစ်တပ်က သမန္တပိုရွာမှ နေအိမ် ၃၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ရေစကြို ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ရေစကြိုမြို့နယ်အတွင် ရေစကြိုမြို့နယ်အတွင်း ရောက်ရှိလာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မဲကုန်းကျေးရွာနှင့် တောရွာကျေးရွာ အကြားရောက်ရှိလာစဉ် တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၂ ဦး ခြေထောက်ကို ကျည်ထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် လက်နက်ကြီးများဖြင့် ကျေးရွာများကို ရမ်းသမ်း ပစ်ခတ်ခဲ့သောကြောင့် ပြည်သူများ မွေးမြူထားသည့် ဝက်နှင့် နွားများ သေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရေစကြို ပကဖ မှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

ထိုစစ်ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် သမန္တပိုကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၃၄လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်သည် မုံညင်းကျေးရွာထဲကို ရောက်ရှိနေကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းကို တိုက်ခိုက်တာက စစ်ခွေး ၂ ကောင် ခြေထောက်ကို ကျည်မှန်ပြီး ပြင်းထန်ဒဏ်ရာရတယ်။ သေဆုံးတယ်လို့တော့ ကျနော်တို့ မကြားသေးဘူး။ ဒဏ်ရာရတဲ့ စစ်ခွေး ၂ ကောင်ကိုတော့ ဆေးရုံပို့လိုက်တယ်လို့ပဲ သိရတယ်။ အဲစစ်ခွေးစစ်ကြောင်းက သမန္တပိုကျေးရွာကိုလည်း ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့သွားတာ နေအိမ် ၃၄ လုံးပြာကျသွားတယ်။ ပြည်သူတွေအနေနဲ့ စစ်ခွေးစစ်ကြောင်းသတင်းကို သတိပြုကြဖို့နဲ့ စစ်ခွေးတွေကို ရှောင်ရှားသွားလာကြဖို့ နောက်ပြီး ကိုယ့်ပိုင်တဲ့ ပစ္စည်းတွေကို သေချာ သိမ်းဆည်းကြဖို့ အဲတာလေး ပြောချင်ပါတယ်” ဟု ရေစကြို ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နှင့် ၁၅ ရက်နေ့တို့ကလည်း အကြမ်းဖက် စစ်တပ်က ရေစကြိုမြို့နယ် အတွင်းရှိ မုံညှင်းရွာနှင့် ချင်းယားကုန်းရွာတို့ကို စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၄ ဦး ဗုံးထိမှန်သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article