36 C
Yangon

ယင်းမာပင်မြို့နယ်တွင် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်သား ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Union Liberation Front – ULF V 02 အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နံနက် ၃ နာရီ ၃၀ မိနစ်ခန့်အချိန် ယင်းမာပင်မြို့နယ်၊ ဘန့်ဘွေးပျူစောထီးရွာမှ ထွက်လာသော စစ်တပ် စစ်ကြောင်းက ပြည်သူများကို ဆက်ကြေးကောက်ပြီး ရိက္ခာရှာဖွေနေစဉ် တော်လှန်ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ၊ အဆိုပါထိတွေ့ တိုက်ပွဲမှာ မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သား ၃ ဦး သေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ စစ်တပ်ထံမှ သေနတ် ၁ လက် နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကာ တော်လှန်ရေး ရဲဘော်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“စစ်ခွေး ၃ ကောင်ကတော့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့တယ်။ အချိန်မရတာကြောင့် အလောင်း ပုံတွေ အကုန်မရိုက်နိုင်ခဲ့ပါဘူး။ ပြည်သူလူထုအပေါ် နှိပ်စက် အနိုင်ကျင့်ပြီး အာဏာရှင်ပီသစွာ ပြုမှုနေသည့်အပေါ် ဆုံးခန်းတိုင်အောင် ကျနော်တို့ တိုက်ထုတ်သွားပါမယ်” ဟု Union Liberation Front – ULF V 02 အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောဆိုသည်။

တော်လှန်ရေးတပ်များက တိုက်ခိုက်ခဲ့သော ဘန့်ဘွေးပျူစောထီးရွာမှ စစ်တပ်မှာ ခရီးသွားကားများကိုတားဆီးပြီး ဖမ်းဆီးငွေညှစ်မှုများနှင့် အနီးအနားရွာများသို့ လှည့်လည် ရိက္ခာခိုးယူမှုများ နေ့စဥ်ပြုလုပ်နေကြောင်း သိရှိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ယင်းမာပင်​မြို့နယ်ပကဖ လက်ရုံးတပ် ULF စစ်ကြောင်း ၊ကနီမြို့နယ် ပကဖ လက်ရုံးတပ် ၊ ကနီ 9+ စစ်ကြောင်း ၊YMB Column (ယင်းမာပင်မြို့နယ် စစ်ကြောင်း)တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article