By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကချင်ပြည်နယ်၊ မြစ်ကြီးနားလေဆိပ်မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း-MNA က ပြည်တွင်း ခရီးသည် တင်လေယာဉ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနဲ့ အမြီးပိုင်းတို့မှာ ဗုံးထိမှန်ကာ လေကြောင်းခရီးစဉ်အားလုံး ရုပ်သိမ်းလိုက်ကြောင်း မြစ်ကြီးနားအခြေစိုက် လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
တော်လှန်ရေးတပ်တွေက ထိန်းချုပ်စိုးမိုးထားတဲ့နယ်မြေတွေကို အာမခံချက်ပြည့်ဝတဲ့ လွတ်မြောက်နယ်မြေတွေအဖြစ် ဆက်လက်ဖော်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းပြောလိုက်ပါတယ်။
ရန်ကုန်တိုင်း ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်မှာ စီမံခန့်ခွဲမှုကော်မတီဝင်တစ်ဦးဖြစ်တဲ့ ဗိုလ်မှူး မြတ်သူရွှေ ဟာ သူ့ရဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး လောင်းကစားဝိုင်းတွေ၊ မူးယစ်ဆေးဝါး လုပ်ငန်း တွေထံက ဆက်ကြေးကောက်တာတွေ၊ ကျူးကျော်မြေကွက်တွေကို အကွက်ရိုက်ရောင်း စားတာတွေ လုပ်ပြီး ကိုယ်ကျိုးရှာနေတယ်လို့ မြို့နယ်သတင်းရင်းမြစ်တွေက ပြောပါတယ်။
တရုတ်လုပ်စက်ရုပ်ခွေးကို ကိုယ်ပိုင်တီထွင်မှုအဖြစ် လိမ်လည်ပြသခဲ့တဲ့ အိန္ဒိယတက္ကသိုလ်တစ်ခု AI ထိပ်သီးအစည်းအဝေးကနေ အထုတ်ခံရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




