ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၁
ချင်းနှင့် ရခိုင်လူမျိုး ၂ ခုအကြား သမိုင်းသစ်ရေးထိုးမည်ဖြစ်ပြီး အမျိုးသားတန်းတူရေးနှင့်အတူ အာရ က္ခတိုင်းပြည်တည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍများတွင် အတူတကွ ပါဝင်တည် ဆောက် သွားကြရန် AA ကတိုက်တွန်းလိုက်သည်။
ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ကျရောသည့် ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်း အ နားသို့ ပေးပို့အပ်သော ဂုဏ်ပြုသဝဏ်လွှာတွင် တိုက်တွန်းလိုက်ခြင်းဖြစ်သည်။
ချင်းအမျိုးသားနေ့ကို အာရက္ခဒေသအတွင်းနေ ချင်းလူမျိုးများ သာမက မြန်မာနိုင်ငံ၏ နေရာအနှံ့ အ ပြားနှင့် ကမ္ဘာ့နိုင်ငံအသီးသီးသို့ ရောက်ရှိနေကြသော ချင်းလူမျိုး၊ ချင်းမျိုးနွယ်စုများသည်လည်း ဂုဏ် ယူဝင့်ကြွားစွာ ကျင်းပနေကြမည်ဟု အပြည့်အဝ ယုံကြည်ပါကြောင်း ULA/AA ကပြောဆိုထားသည်။
တစ်ပြိုင်နက်တည်းတွင် ယနေ့ကျရောက်သော ချင်းအမျိုးသားနေ့အခမ်းအနားမှသည် ချင်းလူမျိုး များ၊ ချင်းမျိုးနွယ် စုများအနေဖြင့် အမျိုးသားတန်းတူရေးနှင့်အတူ အာရက္ခတိုင်းပြည်တည်ဆောက် ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ကဏ္ဍများတွင် အတူတကွ ပါဝင်တည်ဆောက်သွားကြရန် ဆက်လက် တိုက်တွန်းထားသည်။
ထို့အတူ အာရက္ခဒေသ၊ အိမ်နီးနားချင်း နှင့် မြန်မာနိုင်ငံအနှံ့မှ ချင်းညီအစ်ကိုများအနေဖြင့်လည်း မိမိ တို့ အချင်းချင်းအကြား ရရှိပြီးသား ချစ်ခင်မှု၊ နားလည်မှု၊ ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုများကို တန် ဖိုးထားကာ “ချင်း” နှင့် “ရက္ခိုင်” လူမျိုး နှစ်မျိုးအကြား သမိုင်းသစ်တစ်ခုရေးထိုးကြရန် ရက္ခိုင်အမျိုး သားအဖွဲ့ချုပ်က ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့ထားသည်။
အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရသည် မိမိတို့ဒေသအတွင်းနေ လူမျိုးအသီးသီး၏ စာပေ၊ ရိုးရာ ယဉ်ကျေးမှု၊ အနုပညာ၊ ဘာသာစကား၊ အမျိုးသားရေးဆိုင်ရာ လက္ခဏာရပ်များအပေါ် တန်ဖိုးထား ပြီး လူမျိုး အသီးသီး၏ အမျိုးသားနေ့ဆိုင်ရာပွဲများ၊ ရိုးရာပွဲလမ်းသဘင်များကို စစ်ဘက်ဆိုင်ရာ လုံခြုံ ရေးအခြေအနေများ အပေါ်မူတည်၍ ကျင်းပခွင့်ပြုထားကြောင်း သိရသည်။
အာရက္ခဒေသအတွင်းနှင့် အပြင်ဖက်တွင် နေထိုင်ကြသော ချင်းလူမျိုးအပါအဝင် အခြားသောမျိုး နွယ်စု၊ လူမျိုးများသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ဤဒေသနှင့်အတူ ရှည်လျား သောသမိုင်းကြောင်း၊ ပြောင်းလဲ၍မရသော ပထဝီကြော တည်ရှိမှုအနေအထားတို့အောက်တွင် အတူ တကွ မှီတင်းနေထိုင်ခဲ့ကြသော “အာရက္ခညီအစ်ကို မောင်နှမရင်းချာများ” နှင့် “အိမ်နီးနားချင်း ညီ အစ်ကိုမောင်နှမများ” ပင် ဖြစ်ကြောင်း အသိပေးထားသည်။
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှ စတင်ခဲ့သော အာရက္ခတပ်တော်၏ စစ်ဆင်ရေးရလဒ်များ၊ အောင်မြင်မှုအသီးအပွင့်များသည် အာရက္ခဒေသ အတွင်း၊ အပြင်နှင့် အိမ်နီးနားချင်းရှိ လူမျိုးပေါင်း စုံအသီးသီးတို့ အနေဖြင့်လည်း စစ်အာဏာရှင်စနစ်အရိပ်အောက်မှ လွတ်မြောက်မှုနှင့်အတူ လွတ် လပ်သောဒေသ၊ လွတ်လပ်သော လူမျိုးများအဖြစ်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်ဟု ဆိုသည်။
ဤကဲ့သို့သော အခြေအနေကောင်းဆီ ရောက်ရှိလာစေရန်အတွက် အာရက္ခအမျိုးသားလွတ်မြောက် ရေးလှုပ်ရှားမှုကို ယနေ့အချိန်အထိ မဆုတ်မနစ်သော ဇွဲလုံ့လအပြည့်ဖြင့် မရပ်မနား ဆက်တိုက် တော်လှန်တိုက်ပွဲဝင်ခဲ့ကြသည့် အကျိုးရလဒ်များပင်ဖြစ်ကြောင်း၊ လက်ရှိရရှိထားပြီးသော လွတ်လပ် မှုများ ပြန်လည်မဆုံးရှုံးသွား စေရန် မိမိတို့အားလုံးတွင် တာဝန်ရှိကြသည် ဟူသော အသိတရားများ နှင့်အတူ အားလုံး စုပေါင်းကာကွယ်ကြရမည် ဖြစ်ကြောင်း ULA/ AA က ပြောဆိုသည်။




