30 C
Yangon

တောင်သာမြို့နယ်ရှိ ကျေးရွာ ၂ ခုကို စစ်တပ်က ဆက်တိုက်မီးရှို့ဖျက်ဆီးပြီး ခြုံကြီးရွာမှ ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၁

မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ကျေးရွဲာ ၂ ခုကို အကြမ်းဖက် စစ်တပ်က ဆက်တိုက် မီးရှို့ဖျက်ဆီးပြီး ခြုံကြီးရွာမှ ပြည်သူ ၇ ဦးကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ နံနက် ၁၀ နာရီခန့်တွင် တောင်သာမြို့ပေါ်မှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က လက်သဲကျင်ရွာကို မီးရှို့ဖျက်ဆီးပြီးနောက် ညောင်ဒိုရွာကို စစ်ကြောင်းထိုး ဝင်ရောက်ကာ ကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ဝင်ရောက် တပ်စွဲနေထိုင်ခဲ့ကြောင်း သိရသည်။

ထိုစစ်ကြောင်းသည် ယနေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် နံနက် ၈ နာရီကျော်ခန့်တွင် ညောင်ဒိုရွာရှိ ကျန်ရှိနေသော နေအိမ်များကို ဒုတိယအကြိမ် ထပ်မံ မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထို့နောက် စစ်ကြောင်းသည် ခြုံကြီးရွာအတွင်း ထပ်မံ ဝင်ရောက်ခဲ့ပြီး ပြည်သူ ၇ ဦးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးကာ ဆင်တဲဝချောင်းကို ဖြတ်ကူးပြီး ဘုရားလှရွာသို့ ရောက်ရှိနေကြောင်း သိရှိရသည်။

“ခွေးစစ်ကြောင်းက မနေ့က လက်သဲကျင်ကို ရှို့တယ်။ ဒီနေ့ ညောင်ဒိုရွာကို ထပ်ရှို့နေတယ်။ ရွာကလူတွေက ရှောင်နေကြတော့ အဖမ်းမခံရဘူး။ ခြုံကြီးရွာက ရွာသား ၇ ဦးကိုတော့ လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားတယ်။ မနေ့က စစ်ခွေးစစ်ကြောင်းက ညောင်ဒို ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတာ နောက်ပြီးရွာထဲက စပါးတွေ ပဲတွေလည်း ယူသွားကြတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် လက်သဲကျင်ရွာ၊ ညောင်ဒိုရွာ၊ ခြုံကြီးရွာ၊ ရားလှရွာ၊ ရွာလေးရွာ၊ မင်းတည်းကျေးရွာ၊ မင်းတည်းရွာ၊ နကူးရွာ၊ ကျောက်ချောရွာ၊ အောင်သာရွာ၊ ကျောက်ပုံရွာ၊ ဒါန်းတိုင်ရွာ၊ အလယ်ချိုင်းမြောက်ရွာနှင့် ပဲခင်းကျော်ရွာမှ ပြည်သူများ ဆက်လက် တိမ်းရှောင်နေရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်သည် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့ကလည်း တောင်သာ-မြင်းခြံ လမ်းပိုင်းကို စစ်ကြောင်းထိုးပြီး တမံကြီးရွာ ၊ ဆည်ကုန်း(မ)ရွာ ၊ ညောင်ဒိုရွာ ၊ ပဲခင်းကျော်ရွာ ၊ ခြုံကြီးရွာ နှင့် အင်းတ်ရွာတို့မှ နေအိမ် ၂၀၀ နီးပါးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article