32 C
Yangon

အင်းလေးတွင် တော်လှန်ရေးတပ်များနှင့် လူမှုအဖွဲ့များ ပူးပေါင်းပြီး ဒေသန္တရအုပ်ချုပ်ရေး အကောင် အထည်ဖော်သွားမည်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ -IRLO ကို IPDF အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့များ ပူးပေါင်းဖွဲ့စည်းလိုက်ပြီး ဒေသန္တရ အုပ်ချုပ်ရေး ကို အ ကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သ တင်းဌာထံသို့ ပြောကြားသည်။

ယနေ့ မြန်မာ့နွေဦးတော်လှန်ရေး၏ အရှိန်အဟုန်မှာ အဆုံးအဖြတ်ပေးမည့် အဆင့်သို့ ရောက်ရှိ လာပြီဖြစ်ကြောင်း၊ ထို့ကြောင့် အင်းလေးဒေသအတွင်းရှိ တော်လှန်ရေးအင်အားစုများဖြစ်ကြသော အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (IPDF) ၊ အင်းလေးအမျိုးသမီးသမဂ္ဂ (IWU)၊ အင်းလေး ဖက် ဒရယ်ဒီမိုကရေစီလှုပ်ရှားမှု (IFDM)၊ ညောင်ရွှေမြို့နယ် ပညာရေးဘုတ်အဖွဲ့ (Boe Nyaung Shwe) နှင့် အင်းလေးဆေးအဖွဲ့ (Inle Medical Team) အပါအဝင် အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ (Inle People’s Movement) ၏ မဟာမိတ်အင်အားစုအားလုံး စုပေါင်း၍ “အင်းလေးဒေသလွတ် မြောက် ရေးအဖွဲ့ (Inle Region Liberation Organization – IRLO)” အဖြစ် ယနေ့ ဖေဖော်ဝါရီလ ၂၂ မှစ၍ အဆင့်မြှင့်တင် ပြင်ဆင်ဖွဲ့စည်း လိုက်ခြင်းဖြစ်ကြောင်း ကြေညာထားသည်။

“ညောင်ရွှေမြို့နယ်နဲ့ အင်းလေးကန်ရဲ့ ဇီဝအဝိုင်းအဝန်းနဲ့ သက်ဆိုင်သောဒေသအတွက်ပါ။ အစုအဖွဲ့ တစ်ခုချင်းလုပ်တာထက် ကျမတို့ တော်လှန်ရေး အင်းအားစုတွေ အင်းလေးဒေသတွင်းက လူမျိုး ပေါင်းစုံ ပါဝင်တဲ့ အစုအဖွဲ့တွေ ပေါင်းစည်းပြီး လုပ်နိုင်တာက ပိုပြီးတော့ ထိရောက်နိုင်ပါမယ့်။ ဒါ ကြောင့်မို့ ကျမတို့ ဒီအင်းလေးဒေသအတွက်ကို တော်လှန်ရေးအင်အားစုတွေ ပါဝင်တဲ့ နိုင်ငံရေး ဦး ဆောင် အဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။ အရင် ဒီနာမည်အဖြစ် ပြောင်းလဲ မဖွဲ့စည်းခင်က “‌အင်းလေးလူ ထု လှုပ်ရှားမှုအဖွဲ့” အနေနဲ့ လှုပ်ရှားခဲ့ပါတယ် ။ ဒီနေ့မှ အင်းလေးလူထုလှုပ်ရှားမှုအဖွဲ့ အမည်ကနေ အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့အဖြစ် တရာဝင်ပြောင်းလဲ ဖွဲ့စည်းတာပဲဖြစ်ပါတယ်” ဟု အင်း လေးဒေသလွတ်မြောက်ရေးအဖွဲ့ -IRLO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခတ်သစ် သ တင်းဌာနထံသို့ ပြောကြားသည်။

အင်းလေး ဒေသလွတ်မြောက်ရေးအဖွဲ့ – IRLO အနေဖြင့် အင်းလေးဒေသအတွင်း နေထိုင်ကြသော အင်းသား၊ တောင်ရိုး၊ ရှမ်း၊ ပအိုဝ်း စသည့် တိုင်းရင်းသားညီအစ်ကိုများအားလုံး တန်းတူရည်တူ ပါ ဝင်ခွင့်ရှိသော၊ မိမိတို့ဒေသ၏ ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးစီမံနိုင်သော “ဒေသန္တရအုပ်ချုပ် ရေး” (Local Self-Governance) ကို အကောင်အထည်ဖော် တည်ဆောက်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ – IRLO အနေဖြင့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကို မြန်မာ့ မြေပေါ်မှ အပြီးတိုင် မောင်းထုတ်ပြီး စစ်မှန်သည့် ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်း လာ သည်အထိ ရပ်တည် တိုက်ပွဲဝင်သွားမည်ကြောင်း၊ အင်းလေးဒေသနှင့်ထိုက်တန်သော တန်းတူ ညီမျှမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် လူ့အခွင့်အရေး ပြည့်ဝမှုကို အခြေခံ၍ တည်ဆောက် သွားမည်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် သဘာဝသံယံဇာတ ထုတ်ယူသုံးစွဲမှုထက် အသိပညာ၊ အတတ်ပညာနှင့် လူသားအရင်း အ မြစ် ဖွံ့ဖြိုး တိုးတက်မှုကို အဓိကမဏ္ဍိုင်ပြုသည့် ခေတ်မီဒေသတစ်ခုအဖြစ် ဖော်ဆောင်မည်ဖြစ်ပြီး ပျက်စီးယိုယွင်းနေသော အင်းလေးကန်ကြီးကို ပြန်လည်ကုစားရန်နှင့် သဘာဝပတ်ဝန်းကျင် ရေရှည် တည်တံ့စေရန်အတွက် အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆက်လက်ဖော်ပြထား သည်။

အင်းလေးဒေသအတွင်းရှိ ပြည်သူလူထုတစ်ရပ်လုံးနှင့် ရှမ်းပြည်နယ်အတွင်း နေထိုင်ကြသော အင်း လေးဒေသသားများ ၊ နိုင်ငံတကာရောက်အင်းလေးဒေသဖွားအားလုံးတို့အနေဖြင့်လည်း မိမိတို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် လွတ်မြောက်မှုအတွက် အင်းလေးဒေသလွတ်မြောက်ရေးအဖွဲ့ IRLO နှင့်အတူ လက်တွဲပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article