ရန်ကုန်၊ဖေဖော်ဝါရီ ၂၂
စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ၅ ကြိမ်ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မွန်းလွဲ ၁ နာရီ ၃၇ မိနစ်ခန့်မှ စတင်ပြီး ၂ နာရီအထိ အကြမ်းဖက် စစ်တပ်က တံတားဦးလေတပ်မှ တက်သော Jet Fighter ၁ စီးနှင့် အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တက်လာသော Gyrocopter ၃ စီးက ကျွန်းလှမြို့နယ် အနောက်ခြမ်းရှိ သဖန်းဆိပ်ဆည်အနီးကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုရှိ၊မရှိကို အတည်ပြုနိုင်ခြင်းမရှိသေးဘဲ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ တိမ်းရှောင်နေရကြောင်း သိရှိရသည်။
“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းကနေ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက လေကြောင်း တိုက်ခိုက်မှု ၅ ကြိမ်တိုင်တိုင် လေကြောင်း တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေက သဖန်းဆိပ်ဆည် တစ်၀ိုက်ကို ကျဲသွားတာပါ။ ပြည်သူတွေ အထိခိုက်ကတော့ မကြားမိဘူး။ နေအိမ်ပျက်စီးတာမျိုးလည်း မကြားသေးဘူး။ ပြည်သူတွေများအ နေဖြင့် စစ်ခွေးတွေ လေကြောင်းနှင့် စစ်ကြောင်း အန္တရာယ်တို့ကို သတိပြုနေထိုင်ချဖို့ ပြောချင်ပါတယ်” ဟု ကျွန်းလှ တက်ကြွလှုပ်ရှားသူများအဖွဲ့ မှ တာဝန်ရှိသူကပြောဆိုသည်။
အလားတူ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၂ စီးဖြင့် ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်အနောက်ခြမ်းမှာရှိတဲ့ ရွာကုန်းကြီးကျေးရွာ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံနှင့် နောင်ဦးကျေးရွာတို့ကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက် ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ရွာကုန်းကြီးကျေးရွာရှိ အထက်တန်းကျောင်းဆောင်နှင့် တိုက်နယ်ဆေးရုံ အဆောက်အအုံတို့ ထိခိုက် ပျက်စီးခဲ့ကြောင်းသိရှိရသည်။
ဓာတ်ပုံ – ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်နေ့တွင် ကန့်ဘလူမြို့နယ်၊ ပဇီကြီးရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်ဆီးသွားသော ဘုန်းကြီးကျောင်းဆောင်များ။






