By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၂ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ရှမ်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မွန်ပြည်နယ်အတွင်းမှာရှိတဲ့ မြို့ကြီးတွေမှာ အမျိုးသမီးတွေကို စစ်မှုထမ်းဖို့ စာရင်းတွေ အတင်းအဓမ္မ လိုက်လံကောက်ယူနေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမှာ အမြဲတမ်းအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ဒေါ်ကြည်ပြာမှာ သူ့ရဲ့ရာထူးကနေ နုတ်ထွက်သွားတယ်လို့ သူ့ရဲ့ နုတ်ထွက်ခွင့်တင်ပြစာအရ သိရပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့ ပေါ်မှာ လူငယ် ၃၀ ကျော် ပေါ်တာဆွဲဖမ်းဆီးခံရပြီး စစ်သင် တန်းကျောင်းကို ပို့ဆောင်ခံထားရတယ်လို့ ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အာဖဂန်မှာ လူပေါင်းများစွာ သေဆုံးပြီး နှစ်နိုင်ငံကြား စစ်မီးပြန်တောက်လာနိုင်ခြေရှိပါတယ်။ လက်ရှိ အခြေအနေတွေကြောင့် အိမ်နီးချင်း နှစ်နိုင်ငံကြားက ငြိမ်းချမ်းရေးဟာ အတော်လေး စိုးရိမ်ရတဲ့ အခြေအနေကို ရောက်သွားတဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




