By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီ မဲအနိုင်ရရှိစေရန် စစ်တပ်ဘက်က စီစဉ်ဆောင်ရွက်ခဲ့သလို စစ်အရာရှိကြီးတွေကိုလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဝင်ရောက်အရွေးခံစေပြီး အနိုင်ရရှိအောင် စီမံဆောင်ရွက်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။
မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ညောင်အုပ်ဖီးကျေးရွာအုပ်စုမှာရှိတဲ့ အများသုံးသောက်ရေကန်ကို ကျေးရွာအုပ်ချုပ်ရေးမှူး ချစ်ရင်နဲ့ ကြံ့ဖွတ်ပါတီဝင် ဝင်းညွန့်တို့က ခြံခတ်ပိတ်ထားပြီး ပြည်သူတွေကို သောက်ရေယူခွင့်မပေးတော့ဘူးလို့ Voice Of ဝမ်းတွင်းအဖွဲ့ တာဝန်ရှိသူနဲ့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောထားပါတယ်။
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ ခလရ ၂၃၆ ကာကင်းစခန်းကို KIA ပူးပေါင်းတပ်က သိမ်းပိုက်လိုက်ပြီး တပ်ရင်းမှူး ၁ ဦး ထိခိုက်ဒဏ်ရာရကာ စစ်သားတွေ ထိခိုက်သေဆုံး မှုများပြားသလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ Kachin Independence Army (KIA) စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနကို ပြောပါတယ်။
အီရန်နိုင်ငံမှာ တက္ကသိုလ်တွေ ပြန်ဖွင့်လိုက်တာနဲ့ပဲ ကျောင်းသားတွေ ထောင်ပေါင်းများစွာ ဆန္ဒပြပွဲတွေ ထပ်လုပ်နေကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




