30 C
Yangon

Khit Thit သတင်းဌာန၏ ဖေဖော်ဝါရီ ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဖေဖော်ဝါရီ ၂၃ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

– ကြံ့ဖွတ်ပါတီက ရွေးကောက်ပွဲ အများစု အနိုင်ရရှိထား ပေမယ့်လည်း အစိုးရသစ်မှာ အခြားနိုင်ငံရေး ပါတီတွေနှင့် တိုင်းရင်းသားတွေပါဝင်တဲ့ အမျိုးသားညီညွတ်ရေးအစိုးရအဖြစ် ကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်းဖို့ ဆွေးနွေးမှုတွေရှိနေတယ်လို့ နေပြည်တော်စစ်ဘက်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-မန္တလေးတိုင်း၊ ငါးဇွန်မြို့နယ်၊ ဆုံရွာကနေ ဆီမီးခုံမြို့ဘက်ကို လာတဲ့ အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်း ကို ကြားဖြတ် တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၁၀ ယောက်သေဆုံးပြီး သေနတ် ၃ လက် သိမ်းဆည်းရရှိခဲ့ တယ်လို့ People’s Defense Force – Mandalay ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

-စစ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်လာတယ်လို့ ကမ္ဘာ့မြေမြှုပ်မိုင်း စောင့်ကြည့်ရေးအဖွဲ့ Landmine and Cluster Munition Monitor ရဲ့ နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။

– မက္ကဆီကိုရဲ့ သြဇာအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင် ‘El Mencho’ သေဆုံးသွားတဲ့အတွက် နိုင်ငံအတွင်း ပြင်းထန်တဲ့ အကြမ်းဖက်မှုတွေ လှိုင်းလုံးတစ်ခုလို ဖြစ်ပေါ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်း သတင်းတွေ ကို တင်ဆက်ပေးပါမယ်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article