31 C
Yangon

နော်ဝေနိုင်ငံတွင် ချင်းတိုင်းရင်းသားများ စုပေါင်း၍ ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ကျင်းပ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

နော်ဝေနိုင်ငံ ရောက် ချင်းတိုင်းရင်းသားများ စုပေါင်းပြီး ၇၈ နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအနားကို ဖေဖော်ဝါရီ ၂၁ ရက်တွင် နော်ဝေနိုင်ငံ Froland (ဖရိုလန်း) မြို့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြကြောင်း သိရှိရသည်။

ချင်းအမျိုးသားနေ့ အခမ်းအနားကို နော်ဝေရောက် ချင်းတိုင်းရင်းသား ၂၀၀ ကျော် တက်ရောက်ခဲ့ကြပြီး ချင်းအမျိုးသား ခေါင်းဆောင်ကြီးများနှင့် အသက်ပေးဆပ်ခဲ့ကြသည့် သူရဲကောင်းများကို ဂုဏ်ပြုအလေးပြုခြင်း၊ NUG အစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် အပါအဝင် မဟာမိတ်အဖွဲ့အစည်း အသီးသီးက ပေးပို့လာသည့် သဝဏ်လွှာများ ဖတ်ကြားခြင်း ပြုလုပ်ခဲ့ကြကြောင်း သိရှိရသည်။

ထို့ပြင် ​ ဥက္ကဋ္ဌဖြစ်သူ ကိုယ်စား အတွင်းရေးမှူး ကိုထန်းခွီရှင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဖလမ်း (Falam) ရိုးရာနှင့် တေးသီချင်းများ အပြင် K’Cho ရိုးရာဗုံမောင်းတီးခတ်ခြင်းများ၊ ဖက်ရှင်ရှိုးများနှင့်အတူ စည်ကားသိုက်မြိုက်စွာ တင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article