26 C
Yangon

တောင်ငူနှင့် မော်လိုက်တွင် စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၁ လက်ယူဆောင်လာပြီး အလင်းဝင်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်၏ အဆရ ၁၃ မှ စစ်မှုထမ်း တပ်သားသစ် ၁ ဦး အလင်းဝင်ရောက်ခဲ့ကြောင်း နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် တောင်ငူမြို့ အဆရ ၁၃ တပ် မှ စစ်မှုထမ်း တပ်သားသစ် အောင်မျိုးမင်းသည် နတ်စစ်သည် တပ်ဖွဲ့ထံသို့ ချိတ်ဆက်ပြီး အလင်းဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာသော အောင်မျိုးမင်းကို ကောင်းမွန်စွာ စောင့်ရှောက်ထားပြီး လိုအပ်သည်များကို ဆက်လက် မေးမြန်းလျက်ရှိကြောင်းသိရသည်။

“ဒီနေ့ အလင်းဝင်ရောက်လာတာပါ။ လက်နက်တော့မပါလာဘူး။ တောင်ငူမြို့ အဆရ ၁၃ က စစ်မှုထမ်း ၁ ဦးပါ။ ကျနော်တို့ အဖွဲ့ထံကို ဝင်လာတာ သူ့ကို ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ဆက်လက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု နတ်စစ်သည် အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း မော်လိုက်မြို့နယ်တွင်လည်း စစ်မှုထမ်းတပ်သားသစ် ၁ ဦး လက်နက်နှင့်အတူ အလင်းဝင်ရောက်လာသောကြောင့် ငွေကျပ် သိန်း ၅၀ ဆုချီးမြှင့်ပေးခဲ့ကြောင်း မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြား သည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် မော်လိုက်မြို့နယ်၊ ဆွတ်နန်းကျေးရွာရှိ ပျူစောထီးစခန်းသို့ ရောက်ရှိနေသော စစ်မှုထမ်းတပ်သား ၁ ဦးသည် မော်လိုက်တော်လှန်ရေးအင်အားစုအဖွဲ့ထံ ချိတ်ဆက်ကာ MA1 အမျိုးအစား သေနတ် ၁ လက်နှင့်အတူ အလင်းဝင်ရောက်လာခဲ့ကြောင်း၊ ထို့ကြောင့် မော်လိုက် တော်လှန်ရေးအင်အားစုတပ်ဖွဲ့မှ ငွေကျပ် သိန်း ၅၀ ချီးမြှင့်ကာ ကောင်းမွန်စွာစောင့်ရှောင်ပေးထား ကြောင်း သိရသည်။

“အခုလက်ရှိကတော့ သူ့ကို ဂုဏ်ပြုငွေချီးမြှင့်ပေးထားတယ်။ ပြီးတော့ သူ့ကို လွတ်လွတ်လပ်လပ်ပဲ နေထိုင်ခွင့်ပေးထားပါတယ်။ သူ့မိသားစုနဲ့တွေ့ပေးဖို့လည်း စီစဉ်ပေးနေပါတယ်။ သူက အတင်းအ ကြပ်ပေါ်တာဆွဲခံထားရတော့ စိတ်မပါလို့ ကျနော်တို့နဲ့ဆက်သွားပြီးတော့ အလင်းဝင်လာတာပါ။” ဟု မော်လိုက်တော်လှန်ရေးအင်အားစုမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အလင်းဝင်ရောက်လာခဲ့သည့် စစ်မှုထမ်းတပ်သားသည် ရန်ကုန်မြို့ပေါ်တွင် ကားမောင်းရင်း ပေါ်တာ ဆွဲဖမ်းဆီးခံရကာ စစ်မှုထမ်းတပ်သားအဖြစ် စေခိုင်းခြင်းခံရသူဖြစ်ပြီး စစ်မှုထမ်းအပတ်စဉ် ၁၇ သို့ တက်ရောက်ခဲ့ရသူဖြစ်ကြောင်း၊ မော်လိုက်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်ကော်မရှင်တပ်သားများ၊ ပြည်သူ့စစ်များ၊ စစ်မှုထမ်းတပ် သားများ အနေဖြင့် ပြည်သူလူထုဘက်ကို မျက်နှာမူကာ အလင်းဝင်ရောက်ခဲ့ကြပါရန်နှင့် ထိုသို့ အလင်းဝင်ရောက်လာပါက နွေးထွေးစွာကြိုဆိုနေမည်ဖြစ်ကြောင်း‌ မော်လိုက်တော်လှန်ရေးအင်အား စုက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article