26 C
Yangon

ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာကွက်သစ်အတွင်းသို့ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းဖြင့်ဗုံးကျဲမှု နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မော်မောင်းဘွမ်ကျေးရွာကွက်သစ်အတွင်းသို့ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက်စီးခဲ့ ကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဖေဖော်ဝါရီလ ၂၄ ရက် နံနက် ၁ နာရီခန့်အချိန် ဖားကန့်မြို့နယ်၊ မော်ဝမ်း ကျေးရွာ အုပ်စု၊ မော်မောင်းဘွမ်ကျေးရွာ ကွက်သစ်အတွင်းသို့ အကြမ်းဖက်စစ်ကော်မရှင်တပ်က တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံး ၁ လုံးကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ် ၅ လုံးထက်မနည်း ထိခိုက်ပျက် စီးခဲ့ကြောင်း၊ ယင်းမော်မောင်းဘွမ် (ခ) မော်မောင်းကုန်းကျေးရွာနေ ပြည်သူအများစုမှာ စစ်ဘေး ရှောင် နေကြရ သဖြင့် လူထိခိုက်မှုမရှိကြောင်း သိရသည်။

ထို့အပြင် စစ်တပ်က ဖားကန့်မြို့နယ်အတွင်းရှိ အခြားနေရာတစ်ခုကို လည်း ဗုံး ၁ လုံး ထပ်မံကျဲ ချ ခဲ့ပြီး မည်သည့်နေရာကျဲချခဲ့သည်ကို သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း၊ ထိုသို့ ဗုံးကျဲတိုက်ခိုက်မှု သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ အရပ်သားပြည်သူလူထုကို ရည်ရွယ်ချက်ရှိရှိ ဗုံးကျဲခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ည ၁ နာရီလောက်မှာ ဖားကန့်မြို့ကို ၂ ပတ်လောက်ဝဲနေပြီးတော့မှ ဗုံး ၂ လုံးကျဲသွားတာ၊ ပထမ ၁ လုံးကတော့ မော်မောင်းကုန်းကွက်သစ်ကို ကျဲသွားတာ၊ အိမ် ၁ လုံးက ပျက်စီးပျောက်သွား တယ်၊ ဘေးနားကအိမ်တွေတော့ အကုန်လုံးရိုက်ခတ်မှုတွေရှိတာပေါ့။ လူထိခိုက်မှုမရှိဘူးလို့ သိရ တယ်။ နောက်တစ်လုံးကတော့ ဘယ်နေရာကျဲသွားလဲ မသိသေးဘူး။ ဗုံး ၂ လုံးလုံးကတော့ ဖားကန့် နယ်တစ်ဝိုက်ပါပဲ၊ တောကြိုအုံကြားထဲကျတာထင်တယ်။” ဟု ဖားကန့်သတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယခု ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ဖားကန့်မြို့နယ်၊ လုံးခင်းနယ် မြေရဲစခန်းကို KIA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ပိုင်း KIA ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမရှိတော့ကြောင်း၊ အကြမ်းဖက်စစ်ကော်မရှင်ကသာ လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်း၊ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းတို့ ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article