33 C
Yangon

မင်္ဂလာဒုံတွင် ရဲစခန်းမှ ထွက်လာသော ရဲကားကို ဖောက်ခွဲ တိုက်ခိုက်မှု ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ကားဖြင့် ထွက်လာသော ရဲများကို ဖောက်ခွဲ တိုက်ခိုက်ရာ ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၁၀ နာရီခန့်တွင် မင်္ဂလာဒုံမြို့နယ်ရှိ မင်္ဂလာဒုံခရိုင်ရဲစခန်းမှ ကားဖြင့် ထွက်လာသော ရဲများကို မြို့ပြကြွက်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ရဲ ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“နောက်တခေါက်ခွဲတာမှာ ရဲ ၃ ကောင် ထိခိုက်ပါတယ်။ သူတို့ထွက်လာတဲ့အချိန် ပထမ တစ်လုံးခွဲလိုက်တာ ကားကိုထိသွားပြီးကားပေါ်က ဆင်းပြေးပြီး စခန်းထဲ ပြန်ဝင်သွားပါတယ်။ နောက်ပြန်ထွက်လာတော့ နောက်တစ်လုံးထပ်ခွဲလိုက်တာပါ။ ပြည်သူတွေလည်း တော်လှန်ရေးကို သတိရပေးကြဖို့ ပြောချင်ပါတယ်” ဟု မြို့ပြကြွက်အဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

မြို့ပြကြွက်ကွန်ယက် အနေဖြင့် စစ်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်နေရခြင်းမှာ စစ်အာဏာရှင်စနစ်နှင့် ကိုယ်ကျိုးစီးပွားသာသိသော အာဏာရှင်များ၏ လက်အောက်တွင် လူသားတစ်ယောက်၏ ရပိုင် ခွင့်ဖြစ်သော လွတ်လပ်မှု၊ တရားမျှတမှုနှင့် အခြေခံလူ့အခွင့်အရေးများ ရရှိနိုင်ခြင်း လုံးဝမရှိသော ကြောင့်သာဖြစ်ကြောင်း၊ စစ်အာဏာရှင်လက်ပါးစေများ စစ်အုပ်စု စတင်ခဲ့သော စစ်ပွဲကို အမြန် အဆုံးသတ်ရန် လူထုနှင့်တသားတည်းရပ်တည်၍ အာဏာရှင်များဘက် ပြောင်းပြန်လှည့်ကြရန် တိုက်တွန်းထားသည်။

အလားတူ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ ည ၁၀ နာရီခန့်ကလည်း မှော်ဘီမြို့နယ် မြို့မရဲစခန်းမှ အိမ်စီးကားဖြင့် ထွက်လာသော ရဲနှင့် ပျူစောထီးများကို မြို့ပြကြွက်အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ရာ ရဲနှင့် ပျူစောထီးများ ထိခိုက်မှုရှိကြောင်း သိရသည်။

ဓာတ်ပုံ- ရန်ကုန်မြို့ပေါ်တွင် ကင်းလှည့်နေသော ရဲကား ၁ စီး။ (ပုံအဟောင်းကို အသုံးပြုထားပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article