24 C
Yangon

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု သေဆုံးသူ ၁၈ ဦးအထိတိုးလာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေးကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များ အပါအဝင်‌ သေဆုံးသူ ၁၈ ဦးအထိ တိုးလာကြောင်း စာရေး ဆရာ ဝေဟင်အောင်၏ပြောဆိုချက်နှင့် AA ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၇ မိနစ်ခန့်အချိန် ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာ ဈေးတန်းကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၅၀၀ ဗုံး ၂ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှုအတွင်း ပြည်သူ ၁၇ ဦး နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးပြီး နောက်ထပ် ဒဏ်ရာရရှိသူများထဲမှ ယိုးငူကျေးရွာနေ အသက် ၆၀ နှစ်အရွယ် ဒေါ်​ရွှေယိုင်နု ၁ ဦးမှာ ထပ်မံသေဆုံးခဲ့သဖြင့် သေဆုံးသူ ၁၈ ဦး အထိတိုးလာနေကြောင်း၊ အဆိုပါ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် ၄ နှစ်၊ ၆ နှစ်၊ ၇နှစ် အရွယ် ကလေးငယ် ၃ ဦးအပါအဝင် ၁၆ ဦးခန့် ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး လက်ရှိတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူကျေးရွာဈေး ဗုံးကျဲတိုက်ခိုက်ခံရမှုအတွင်း သေဆုံးသူများတွင်

၁။ အသက် ၆ နှစ်အရွယ် မမျိုးသက်နွယ် (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၂။ အသက် ၁၃ နှစ်အရွယ် မောင်ပြည်ငြိမ်းစိုး (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၃။ အသက် ၁၄ နှစ်အရွယ် မစောသဇင်မျိုး (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၄။ အသက် ၁၅ နှစ်အရွယ် မအိမြတ်ဝေ (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၅။ အသက် ၃၁ နှစ်အရွယ် ဒေါ်မချေ (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၆။ အသက် ၃၆ နှစ်အရွယ် ဒေါ်ဇင်မာအေး (ပေါက်တောမြို့)

၇။ အသက် ၃၉ နှစ်အရွယ် ဒေါ်ဆန်းဆန်းဝင်း (ပုဏ္ဏားကျွန်းမြို့)

၈။ အသက် ၄၀ နှစ်အရွယ် ဒေါ်ယဉ်ယဉ်မူ (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၉။ အသက် ၄၀ နှစ်အရွယ် ဦးစောတင်လှ (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၀။ အသက် ၅၁ နှစ်အရွယ် ဒေါ်အေးစံလှ (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၁။ အသက် ၅၃ နှစ်အရွယ် ဦးဦးမြတင် (စစ်တွေမြို့နယ်၊ ကံ့ကော်ကျွန်း)

၁၂။ အသက် ၅၃ နှစ်အရွယ် ဦးမောင်ဝင်းကျိုင် (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၃။ အသက် ၅၃ နှစ်အရွယ် ဒေါ်စောမြယဉ် (ပုဏ္ဏားကျွန်းမြို့၊ စံပြရပ်ကွက်)

၁၄။ အသက် ၅၆ နှစ်အရွယ် ဒေါ်မသိန်းခင် (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၅။ အသက် ၅၆ နှစ်အရွယ် ဒေါ်လှသာနု (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၆။ အသက် ၇၀ နှစ်အရွယ် ဒေါ်မပုစိန် (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်)

၁၇။ အမည် အသက်ရွယ်မသိရသည့် သေဆုံးသူ

၁၈။ အသက် ၆၀ နှစ်အရွယ် ဒေါ်​ရွှေယိုင်နု (ယိုးငူကျေးရွာ၊ ပုဏ္ဏားကျွန်းမြို့နယ်) တို့ ဖြစ်ကြောင်း AA က ထုတ်ပြန်ထားသည်။

“လက်ရှိသေဆုံးတဲ့သူက စုစုပေါင်း ၁၈ ဦးထိဖြစ်လာပြီ မနေ့က ပွဲချင်းပြီးသေတာ ၁၇ ဦးရယ် အခုနောက် ထပ် ၁ ဦးသေတာနဲ့ဆို ၁၈ ဦးဖြစ်သွားပြီ။ ဒေါ်​ရွှေယိုင်နု (အသက် ၆၀) ထပ်မံသေဆုံးသွားတယ် ယိုးငူရွာကပဲ။ ဒီလုပ်ရပ်က အကြမ်းဖက် လုပ်ရက်တစ်ခုဖြစ်တဲ့ အတွက်ကြောင့် ပြီးတော့တခြားတစ်ဖက်မှာ အစုလိုက်အပုံလိုက် သတ်ဖြတ်မှုဖြစ်တယ်။ ဒါနိုင်ငံတော်ကို အကာကွယ်ပြုရမယ် ကာ ကွယ်ရေးတပ်တစ်ခုကနေ ပြည်သူကို အကာကွယ်မပေးဘဲနဲ့ ဒီလိုသတ်တယ်ဆိုတာကတော့ တကယ် လက်လှန်သွားတဲ့ အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်။ အကြမ်းဖက် အဖွဲ့အစည်းတစ်ရပ်ဖြစ်တယ်” ဟု စာရေးဆရာဝေဟင်အောင်က သုံးသပ်ပြောဆိုသည်။

လူသားချင်းစာနာထောက်ထားရီးနှင့် ဖွံဖြိုးရီးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရီးရုံး (HDCO) အနေဖြင့် မြန်မာစစ်ကော်မရှင်၏ ယခုကဲ့သို အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်သည့် ရက်စက်ကြမ်းကြုတ် သော အကြမ်းဖက်လုပ်ရပ်ကို အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်သည်။

စစ်ရေးနှင့် လုံးဝသက်ဆိုင်ခြင်းမရှိသော ကျေးရွာများအတွင်းသို နေ့ခင်းကြောင်တောင် ဗုံးကျဲတိုက် ခိုက်ခြင်းသည် နိုင်ငံတကာစစ်ရာဇဝတ်မှု (War Crimes) နှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ ဝတ်မှု (Crimes against Humanity) ကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခြင်းဖြစ်ကြောင်း၊ ဤလုပ်ရပ်သည် ဂျီနီဗာကွန်ဗင်းရှင်း (Geneva Conventions) ပါ အရပ်သားများကို ကာကွယ်စောင့် ရှောက် ရမည့် အခြေခံမူများကို ဗြောင်ကျကျ ချိုးဖောက်ခြင်းပင်ဖြစ်ကြောင်း HDCO က ထုတ်ပြန် ကြေညာထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article