By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၅ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အစိုးရသစ်ဖွဲ့ဖို့ လုပ်နေတဲ့ ကြံ့ဖွတ်ပါတီအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လို့ ပြန်လွှတ်ပေးဖို့ မရှိပဲ တင်းမာတဲ့ မူဝါဒ သဘောထား ရှိနေဆဲဖြစ်တယ်လို့ ကြံ့ဖွတ်ပါတီသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
မြန်မာ့အရေး ဖြေရှင်းဖို့အတွက် အာဆီယံဘုံသဘောတူညီချက် ၅ ချက်ကို ပြန်လည်သုံးသပ်ဖို့နဲ့ မြန်မာနိုင်ငံဆိုင်ရာ အဆီယံအထူးသံတမန်ကို ရေရှည်ခန့်အပ်ဖို့ စဉ်းစားနေတယ်လို့ လက်ရှိ အာဆီယံ ဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ကပြောဆိုလာပါတယ်။
အကြမ်းဖက် စစ်တပ်ထိန်းချုပ်ထားတဲ့ ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်၊ ဘုရင့်နောင်တံတားအဆင်းမှာ စစ်သားတွေနဲ့ ရဲတွေက မှတ်ပုံတင်စစ်ဆေးပြီး ငွေညှစ်မှုတွေ အကြီးအကျယ် လုပ်နေတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်နဲအီရန်အကြား တင်းမာမှုတွေ မြင့်တက်နေတဲ့အချိန်မှာပဲ လက်ရှိ “ကမ္ဘာပေါ်မှာ အကြမ်းဖက်မှု ကို အားပေးတဲ့ နံပါတ် (၁) နိုင်ငံဖြစ်တဲ့ အီရန်ကို နျူကလီးယားလက်နက် လုံးဝပိုင် ဆိုင်ခွင့် မပေးနိုင်ဘူးလို့ အမေရိကန် သမ္မတ ထရန့် က အတိအလင်း ပြောကြားလိုက်ပါတယ်။




