By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတလုပ်ဖွယ်ရှိပြီး ကြံ့ဖွတ်ပါတီဥက္ကဋ္ဌခင်ရီက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ရာထူးရယူမယ်လို့ ရိုက်တာသတင်းဌာနက သတင်းဖော်ပြပါတယ်။
MDY PDF ကို “အထူးလှုပ်ရှားတပ်မ” အဖြစ် ပြောင်းလဲဖွဲ့စည်းနိုင်ခဲ့တာဟာ နွေဦးတော်လှန်ရေး အဆုံးသတ်ပန်းတိုင်ကိုရောက်အောင် မောင်းနှင်ပေးနိုင်တဲ့ အဓိကတွန်းအားတစ်ခုဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ကရင်နီပြည်ထဲကနေ ဖြတ်သန်းစီးဆင်းနေတဲ့ သံလွင်မြစ် နဲ့ မိုလိုချောင်းရေတွေမှာ အာဆင်းနစ် အဆိပ်ပါဝင်မှုမြင့်တက်နေတဲ့အတွက် မသောက်သုံးကြဖို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီက သတိပေးချက် ထုတ်ပြန်ထားပါတယ်။
ယူကရိန်းစစ်ပွဲအပါအဝင် အကြောင်းအရာ တော်တော်များများမှာ အမြင်မတူတာတွေ ရှိနေပေမဲ့ ကမ္ဘာ့ဒုတိယနဲ့ တတိယ စီးပွားရေးအင်အားအကြီးဆုံးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ဂျာမနီတို့ဟာ ရှေ့လျှောက် ဆက်ဆံရေးပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သွားမယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကတိပြုလိုက်ကြတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




