By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် ဒုတိယ စစ်ခေါင်းဆောင် စိုးဝင်းက သူတို့ရဲ့ စစ်တပ်ကို သိက္ခာကျအောင် လူမှုကွန်ရက်ကို အသုံးပြုပြီး ထိုးနှက်တိုက်ခိုက်နေတဲ့အတွက် တပ်တွင်း စည်းလုံးညီညွတ်ရေး တည်ဆောက်ရမယ်ဆိုပြီး ပြောဆိုလာပြန်ပါတယ်။
တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ် လမ်းပိုင်းမှာ တိုက်ပွဲတွေ နေ့စဉ် ဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေပါ လုပ်နေသလို ဖုန်းလိုင်းတွေလည်း ဖြတ်တောက်ထားတယ်လို့ ဒေသခံပြည်သူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ ကင်းလှည့်ဖို့ ထွက်လာတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ခိုက်ခြေမှုန်းမှုအတွင်း စစ်တပ်ဘက်က ၂ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ ဒဏ်ရာရတဲ့သူတွေပါ ရှိသွားပြီး သူတို့ စစ်သား မသာအလောင်းနဲ့ ဒဏ်ရာရတဲ့သူတွေကို အသည်းသန်သယ်သွားကြတယ်လို့ MSRF တပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က လောင်စာဆီ ပိတ်ဆို့ထားတဲ့ ကျူးဘားနိုင်ငံကို ရုရှားက လောင်စာဆီကူညီဖို့စဉ်းစားနေပြီး ကနေဒါကလည်း လူသားချင်းစာနာမှုအရ စားနပ်ရိက္ခာအကူအညီတွေ ပေးအပ်ဖို့ လုပ်နေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




