By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဖေဖော်ဝါရီ ၂၆ ရက် ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးအသစ်ဆီကို အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် က သဝဏ်လွှာပေးပို့လိုက်ပြီး ရိုဟင်ဂျာအရေးနဲ့ နှစ်ဖက်ချစ်ကြည်ရေး လမ်းစသစ် ဖော်ဆောင်ဖို့ ကမ်းလှမ်းလိုက်ပါတယ်။
အကြမ်းဖက် စစ်တပ် ကျောထောက်နောက်ခံပေးထားတဲ့ ကြံ့ဖွတ်ပါတီအတွင်း ပုဂ္ဂိုလ်ရေးခင်မင်မှုနဲ့ စစ်တက္ကသိုလ် အပတ်စဉ်ကို ပြောပြီး ရာထူးတောင်းမှုတွေ ဖြစ်ပွားနေတယ်လို့ ကြံ့ဖွတ်ပါတီရဲ့ ဗဟိုကော်မတီဝင် ဘူးလက် လှဆွေကိုယ်တိုင် ပြောဆိုလိုက်ပါတယ်။
အကြမ်းဖက် စစ်တပ်က ခန့်အပ်ထားတဲ့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး သန်းဆွေဝင်းဆိုသူ ဟာ မကြာမီ ဖြစ်ပေါ်လာတော့မည့် အစိုးရအပြောင်းအလဲကာလကို အခွင့်ကောင်းယူပြီး အကြီးအကျယ် လာဘ်စားမှုတွေ လုပ်နေတယ်လို့ တောင်ကြီးမြို့မှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ဌာနဆိုင်ရာ သတင်းရင်းမြစ်တွေက ရန်ကုန်ခေတ်သစ်ကို ပြောဆိုထားကြပါတယ်။
တောင်ကိုရီးယားကို အပြတ်ချေမှုန်းမယ်ဆိုပြီး မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က ခြိမ်းခြောက်လာပြန်တဲ့အပြင် ၊ အမေရိကန်ရဲ့ ရန်လိုမှုတွေ ရပ်တန့်ဖို့ကိုပါ ပြောဆိုလာပြန်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




