28 C
Yangon

ရေတာရှည်မြို့နယ်ရှိ ရေငန်းကျေးရွာသို့ စစ်တပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေ၊ စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲနေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ရေငန်းကျေးရွာသို့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးလာ၍ တိုက်ပွဲများ ဖြစ်ပွားနေပြီး စစ်တပ်က ကျေးရွာများကို ဒရုန်းဖြင့် ဗုံးကျဲနေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများနှင့် တော်လှန်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်တွင် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အနောက်ခြမ်းကို ကိုးပင်-သာဂရ ဘက်မှ စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ရေငန်းရွာကို ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ကြောင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စစ်တပ် စစ်ကြောင်း ဝင်ရောက်လာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ထိတွေ့ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြီး အင်အားများ ထပ်မံဖြည့်တင်းရန် လုပ်ဆောင်နေကြောင်း သိရှိရသည်။

ယင်းသို့ တိုက်ပွဲအတွင်း အထိနာခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် အနီးအနားရှိ ကျေးရွာများကိုလည်း ဒရုန်းများဖြင့် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာနေပြည်သူများသည် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အနောက်ခြမ်းက ရေငန်းကျေးရွာကို ကိုးပင်-သာဂရ လမ်းကနေ စစ်ခွေးတွေ စစ်ကြောင်းထိုးလာလို့ တော်လှန်ရေးအဖွဲ့များတွေနဲ့ ထိတွေ့တိုက်ပွဲဖြစ်နေတယ်။ စစ်ခွေး စစ်ကြောင်းက အင်အား ၃၀၀ လောက်ပါတယ်။ စစ်ခွေးတွေ အထိအခိုက်များပေမယ့် အတည်မပြုနိုင်းသေးဘူး။ ရွာတွေကိုလည်း စစ်ခွေးတွေက ဒရုန်းတွေနဲ့ ဗုံးကျဲနေလို့ ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ တိုက်ပွဲဖြစ်စဉ် အသေးစိတ်တော့ ကျနော်တို့လည်း မသိရသေးဘူး။ သက်ဆိုင်ရာအဖွဲ့တွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု တော်လှန်ရေးသတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် ဇန်နဝါရီလပိုင်းကလည်း ဆွာမြို့အခြေစိုက် ခလရ-၁၉ တပ်ရင်းမှ စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်နှင့် PNO ပူးပေါင်းထားသော အင်အား ၁၅၀ ခန့်သည် စစ်တောင်းမြစ် အရှေ့ဘက်ကမ်းရှိ တော်လှန်ရေးတပ်ဖွဲ့များ၏ ကာကင်းများကို လာရောက် တိုက်ခိုက်ခဲ့သောကြောင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးသူများပြားခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article