34 C
Yangon

မြန်မာနှင့် ကမ္ဘောဒီးယားအခြေစိုက် နယ်စပ်ဖြတ်ကျော် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကြီးများကို တရုတ်အာဏာပိုင်များက အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု ကြေညာ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မြန်မာနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အခြေစိုက်ကာ ကမ္ဘာတစ်ဝန်းရှိ လူပေါင်းထောင်ချီကို ဖုန်းဖြင့် အွန်လိုင်းမှတစ်ဆင့် ငွေညှစ်လိမ်လည်နေသည့် ကျားဖြန့် တရုတ်ရာဇဝတ်ဂိုဏ်းကြီးများကို အမြစ်ပြတ်ခြေမှုန်းနိုင်ခဲ့ပြီဖြစ်ကြောင်း တရုတ်အာဏာပိုင်များက ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

တရုတ်ပြည်သူ့တရားလွှတ်တော်ချုပ် (SPC) ၏ ပြောရေးဆိုခွင့်ရှိသူက အဆိုပါရာဇဝတ်ဂိုဏ်းများသည် အိန္ဒိယနှင့် တရုတ်နိုင်ငံအပါအဝင် အခြားနိုင်ငံများရှိ ပြည်သူများကို ပစ်မှတ်ထားကာ ဖုန်းဖြင့် လိမ်လည်ခေါ်ဆိုခြင်းနှင့် ခြိမ်းခြောက်ငွေညှစ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ပြောကြားသည်။

၎င်းဂိုဏ်းများသည် ထိုင်း-မြန်မာနယ်စပ်နှင့် ကမ္ဘောဒီးယားနိုင်ငံတို့တွင် အဓိကအခြေစိုက်ပြီး၊ လူငယ်များကို လစာကောင်းသည့် အလုပ်အကိုင်များပေးမည်ဟု မက်လုံးပေးခေါ်ယူကာ ကျားဖြန့် ငွေလိမ်သည့်လုပ်ငန်းများအတွင်းသို့ အတင်းအဓမ္မ သွပ်သွင်းစေ ခိုင်းခဲ့ကြခြင်းဖြစ်သည်ဟု တရုတ်က ဆိုသည်။

၂၀၂၅ ခုနှစ်ကုန်ပိုင်းအထိ မြန်မာနိုင်ငံမြောက်ပိုင်းမှ ပြန်လည်လွှဲပြောင်းလာသော ကျားဖြန့် လိမ်လည်မှုနှင့် ဆက်နွှယ်သူပေါင်း ၄၁,၀၀၀ ကျော်ကို တရုတ်တရားရုံးများတွင် စီရင်ချက်ချမှတ်ခဲ့ပြီးဖြစ်ကြောင်း၊ ၎င်းတို့အနက် ၁၆ ဦး ကို သေဒဏ်ပေးကာ ကွပ် မျက်ခဲ့ကြောင်း၊ ၃၉ ဦး ကို ထောင်ဒဏ် တစ်သက် တစ်ကျွန်း ချမှတ်ခဲ့ကြောင်း တရုတ်က ဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းတွင် အွန်လိုင်းလိမ်လည်မှုလုပ်ငန်းများကို အဓိကကြီးစိုးထားသည့် “မိသားစုကြီးလေးစု” ထဲမှ အမည်ဆိုးဖြင့် ကျော်ကြားသော မြီ (Ming) မိသားစုနှင့် ပယ် (Bai) မိသားစုဂိုဏ်း များကို တရားစီရင်ရေးလုပ်ငန်းစဉ်များ အပြီး သတ်ဆောင်ရွက်နိုင်ခဲ့ကြောင်း တရုတ်က ဆိုသည်။

တရုတ်အာဏာပိုင်များက ထိုင်းအရာရှိများနှင့် ပူးပေါင်းကာ ကျယ်ပြန့်လှသော ရာဇဝတ်ကွန်ရက်များကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့်နှစ်အတွင်း ကျားဖြန့် လိမ်လည်မှုပေါင်း ၂၅၈,၀၀၀ ကျော်ကို ဖြေရှင်းနိုင်ခဲ့ကြောင်း သိရှီရသည်။

တရုတ်အာဏာပိုင်များက လိမ်လည်သည့် ဖုန်းခေါ်ဆိုမှု ၃ ဒသမ ၆ ဘီလီယံနှင့် လိမ်လည်သည့်စာတို ၃ ဒသမ ၃ ဘီလီယံကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး၊ တရားမဝင်ရရှိထားသော ရန်ပုံငွေ ယွမ် ၂၁ ဒသမ ၇ ဘီလီယံကျော် (အမေရိကန်ဒေါ်လာ ၃ ဒသမ ၁ သန်းခန့်) ကိုလည်း ချိပ်ပိတ်သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရှိရသည်။

လက်ရှိတွင် ကျားဖြန့် တယ်လီကွန်းလိမ်လည်မှုနှင့် ဆက်နွှယ်သည်ဟု သံသယရှိသော တရုတ်နိုင်ငံသား ၇,၆၀၀ ကျော်ကို တရုတ်နိုင်ငံသို့ ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပြီဖြစ်ကြောင်း၊ အဆိုပါ နှိမ်နင်းမှုသည် အရှေ့တောင်အာရှရှိ ဖွဲ့စည်းပုံပျက်ယွင်းနေသော ရာဇဝတ်ကွန်ရက်များကို အပြင်း အထန် ထိုးနှက်လိုက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာသားကောင်များကို ကာကွယ်ရန် ဘေဂျင်းအစိုးရ၏ ပြတ်သားသည့် ခြေလှမ်းတစ်ခုလည်း ဖြစ်ကြောင်း တရုတ်က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article