34 C
Yangon

ပုဂံညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် ခမရ-၄၁၅ တပ်ရင်းမှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ပတ်ကင်းကားကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ပုဂံညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်းတွင် ခမရ-၄၁၅ တပ်ရင်းမှ ထွက်လာသော စစ်သားများ လိုက်ပါလာသည့် ပတ်ကင်းကားကို တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၄ ဦးသေဆုံးပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့ကြောင်း Pakokku Special Task Force မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်တွင် ပုဂံညောင်ဦးမြို့ရှိ အကြမ်းဖက် စစ်တပ်၏ ခမရ-၄၁၅ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်သားများ လိုက်ပါလာသည့် ပတ်ကင်းကားကို ရဲဘော်ဒီးနှင့် ရဲဘော်ပုဂံကြီး ဦးဆောင်သည့် တပ်စိပ် ၂ စိပ်က ပုဂံညောင်ဦး-ကျောက်ပန်းတောင်း လမ်းပိုင်း ဝါးခင်းကြီးချောင်းအနီးတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုထိတွေ့ တိုက်ပွဲသည် မိနစ် ၂၀ ခန့် ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်သား ၄ ဦး သေဆုံးကာ MA-3 သေနတ် ၂ လက် ၊ ကာဘိုင် သေနတ် ၂ လက်နှင့် ကျည်အများအပြားသိမ်းဆည်းရမိခဲ့ကြောင်း သိရှိရသည်။

“အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၄ ကောင်သေပြီး သေနတ် ၄ လက် သိမ်းဆည်းရရှိခဲ့တယ်။ တော်လှန်ရေးရဲဘော်တွေတော့ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်။ စကမ အနေနဲ့ ဘယ်နေရာမှာပဲနေနေ တော်လှန်ရေးတပ်ဖွဲ့တွေက အခွင့်အ​​ရေးရရင် ရသလို တိုက်ခိုက်နေမှာဖြစ်ပါတယ်။ပြည်သူမကြည်ဖြူရင် ဘယ်နေရာမာနေနေ မလုံခြုံဘူးဆိုတာနဲ့ ပြည်သူ့ဘက်က ရပ်တည်ပြီး အလင်းဝင်ကြပါလို့ အသိသေးလိုပါတယ်” ဟု Pakokku Special Task Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို Pakokku Special Task Force( ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ပကဖ)၊Bagan Nyaung Oo Special Task Force အဖွဲ့နှင့် မကွေးတိုင်းပကဖ အမှတ်(၄) အထူးလှုပ်ရှားစစ်ကြောင်းတို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article