31 C
Yangon

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ် မြောက်ရေး စီမံချက်များချမှတ်ဆောင်ရွက်ရန် NLD ဆုံးဖြတ်

Must read

ရန်ကုန်၊ ဖေဖော်ဝါရီလ ၂၈

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ် မြောက် ရေး စီမံချက်များချမှတ်ဆောင်ရွက်ရန် NLD က ဆုံးဖြတ်လိုက်ကြောင်း သိရှိရသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ ဒုတိယဗဟိုကော်မတီ ကြားကာလ သတ္တမအကြိမ် မြောက် အစည်းအဝေးကို Zoom online platform မှတစ်ဆင့် ကျင်းပပြီးနောက် ထိုသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအစည်းအဝေးတွင် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်မြောက်ရေးအတွက် စီမံချက်များရေးဆွဲဆောင်ရွက်ရန် အပါအဝင် အရေးကြီးသော ဆုံးဖြတ်ချက် ၁၃ ချက်ကို ချမှတ်ခဲ့ကြောင်း သိရသည်။

မြန်မာ့နိုင်ငံရေးပြဿနာများကို ဖြေရှင်းရာတွင် ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှုမပါဘဲ ပြေလည်ရေးလမ်းစ ရရှိနိုင်မည်မဟုတ်ဟု ယုံကြည်သည့်အတွက် မတရားဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ အမြန်ဆုံးလွတ် မြောက်ရေးအတွက် စီမံချက်များရေးဆွဲ ဆောင်ရွက်ရန်၊ ပါတီအင်အား ကျစ်လစ်ခိုင်မာစေရန်အတွက် အဆင့်ဆင့်သော ပါတီအမှုဆောင်များ၏ ထိရောက်သော ဦးဆောင်မှုဖြင့် စီမံချက်များ ရေးဆွဲအကောင် အထည်ဖော်ရန်၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၏ တရားဝင်တည်ရှိမှုအပေါ် အခြေခံ၍ ပြည်ထောင်စုလွှတ် တော်၊ တိုင်းနှင့်ပြည်နယ်လွှတ်တော်များကို ခေါ်ယူကျင်းပရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက် ရေးအတွက် နိုင်ငံရေး နည်းလမ်းနဲ့ ကြိုးပမ်းသွားမှာပါ။ ဒီအချက်က အရေးကြီးဆုံးလို့ ယုံကြည်ပါတယ်။ ဗဟိုကော်မတီရဲ့ ထပ်လောင်းအတည်ပြုမှုကိုလည်း ကြိုက်ပါတယ်။” ဟု NLD ဗဟို ပြန်ကြားရေးတာဝန်ရှိသူ ဦးဘိုဘို ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ သဘာပတိအဖွဲ့ဝင် မန်းဂျော်နီ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီဝင်များနှင့် အထူးဧည့်သည်တော်များ အပါအဝင် စုစုပေါင်း ၉၉ ဦး တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးတွင် ဗဟိုအလုပ်ကော်မတီနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးတို့၏ လုပ်ငန်းဆောင် ရွက်မှု အစီရင်ခံစာများ၊ အကြံပြုစာတမ်းများကို တင်ပြဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article