33 C
Yangon

အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့၏ ချန်ထားရစ်ခဲ့မှုကြောင့် သေဆုံးခဲ့သော မြန်မာဒုက္ခသည် ဦးနူးရူးအာမင်း ရှာအလမ် အတွက် တရားမျှတမှုရရှိရေး ဘတ်ဖလိုးမြို့တွင် တောင်းဆိုဆန္ဒပြ

Must read

ရန်ကုန်၊ မတ် ၁

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖလိုးမြို့တွင် မြန်မာနိုင်ငံမှ လာရောက်ခိုလှုံသူ ဒုက္ခသည်တစ်ဦးဖြစ်သည့် ဦးနူးရူးအာမင်း ရှာအလမ် သေဆုံးမှုနှင့် ပတ်သက်၍ တာဝန်ရှိသူများက တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရန်အတွက် ဖေဖော်ဝါရီလ ၂၈ ရက်နေ့ လူပေါင်းများစွာက စုဝေးကာ ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

မျက်စိကွယ်လုနီးပါးဖြစ်နေပြီး အင်္ဂလိပ်စကား မပြောတတ်သည့် ဦးရှာအလမ်ကို အမေရိကန်နယ်စပ်လုံခြုံရေးအေးဂျင့်များ (Border Patrol) က ၎င်း၏နေအိမ်နှင့် ၅ မိုင်ခန့်ဝေးသော Tim Horton’s ကော်ဖီဆိုင်တစ်ခုတွင် ထားပစ်ခဲ့ကြောင်း၊ ထိုသို့ထားပစ်ခဲ့ပြီး ရက်အနည်းငယ်အကြာတွင် ၎င်းကို သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်အတွက် ICE ကို တာဝန်ယူခိုင်းခြင်းပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အကောက် ခွန်အာဏာပိုင်အဖွဲ့ (ICE) အနေဖြင့် ဤသေဆုံးမှုအတွက် တာဝန်ခံရန် တောင်းဆိုခဲ့ကြသည်။

ဆန္ဒပြသူများက အမေရိကန်နယ်စပ်လုံခြုံရေးတပ်ဖွဲ့နှင့် အီရီခရိုင် (Erie County) ရဲအရာရှိရုံးတို့၏ လုပ်ဆောင်ချက်များကို အပြည့်အဝနှင့် ပွင့်လင်းမြင်သာစွာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုထားသည်။

ယင်းဖြစ်စဉ်ကြောင့် ဒေသန္တရရဲတပ်ဖွဲ့များအနေဖြင့် ICE နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို ပိတ်ပင်တားမြစ်ရန်နှင့် ရွှေ့ပြောင်းနေထိုင်သူများကို အကာအကွယ်ပေးနိုင်ရန် ရည်ရွယ်သည့် ဥပဒေကြမ်းကို ချက်ချင်းအတည်ပြုပေးရန် တိုက်တွန်းခဲ့ကြသည်။

ဦးရှာအလမ်၏ ဇနီးနှင့် သားဖြစ်သူတို့က ၎င်းတို့အား ကော်ဖီဆိုင်တွင် ထားပစ်ခဲ့သည့်အကြောင်းကို မည်သူကမျှ အကြောင်းကြားခြင်းမရှိခဲ့ကြောင်း သတင်းမီဒီယာများကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုခဲ့သည်။

လက်ရှိတွင် သေဆုံးရသည့် အကြောင်းရင်းအတိအကျကို သိရှိနိုင်ရန် ရင်ခွဲစစ်ဆေးချက်အဖြေကို စောင့်ဆိုင်းနေဆဲဖြစ်ကြောင်းနှင့် ယခုအချိန်အထိ ရှေ့နေငှားရမ်းခြင်း မပြုရသေးကြောင်း သိရသည်။

မိသားစုဝင်များက ၎င်းတို့အပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကြသူများနှင့် ကူညီထောက်ပံ့ပေးနေသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ကြသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article