33 C
Yangon

KNU ဥက္ကဋ္ဌ၏ အမိန့်ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၉ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ပြီး အခြားအကျဉ်းသားအကျဉ်သူများကို ပြစ်ဒဏ်များ လျှော့ပေါ့ပေး

Must read

ရန်ကုန်၊ မတ်လ ၁

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ အမိန့်ဖြင့် ပြစ်ဒဏ်ကျခံနေရသော အကျဉ်းသား၊ အကျဉ်းသူ ၂၉ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း KNU က တရားဝင် သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၂၅ ရက်နေ့ KNU – ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌ၏ အမိန့်အမှတ် ၁/၂၀၂၆ အရ ခလယ်လွီထူခရိုင် အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား ၂၄ ဦးနှင့် အကျဉ်းသူ ၅ ဦး စုစုပေါင်း ၂၉ ဦးကို လွတ်ငြိမ်းသက်သာခွင့်ဖြင့် လွှတ်ပေးခဲ့ကြောင်း သိရသည်။

KNU ပြည်ထဲရေးနှင့် သာသနာရေးဌာန၊ အကျဉ်းဦးစီးဌာနက ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်မီ ပြစ်မှုတစ်ခုခု ကျူးလွန်ခဲ့သူများကို ကော်သူးလေ ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၁၈ (ခ၊ ဂ) အရ လွတ်ငြိမ်းသက်သာခွင့်များပြုခဲ့ကြောင်း၊ မုဒိမ်းလူသတ်မှု၊ မုဒိမ်းမှုနှင့် ထောင်ဒဏ် ၇ နှစ်အထက် ကျခံနေရသော မူးယစ်ဆေးဝါးမှု ကျူးလွန်သူများမှာ လွတ်ငြိမ်းခွင့်တွင် အကျုံးဝင်ခြင်းမရှိဘဲ ကျန်ရှိသည့် စည်းကမ်းလိုက်နာသည့် ကျန်ရှိသော အကျဉ်းသားများကိုမူ ကျခံရသည့် ထောင်ဒဏ် တစ်နှစ်လျှင် (၃) လနှုန်းဖြင့် ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ကြောင်း သိရှိရသည်။

ယခုလွှတ်ပေးခြင်းသည် အပြီးသတ် ပြစ်ဒဏ်မှ လွတ်မြောက်ခြင်းမဟုတ်ဘဲ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွှတ်ပေးခြင်းဖြစ်ကြောင်း၊ လွတ်မြောက်လာသူများအနေဖြင့် အပြင်လောကတွင် ကောင်းမွန်စွာ နေထိုင်ရမည်ဖြစ်ပြီး နောက်ထပ် ပြစ်မှုထပ်မံကျူးလွန်ပါက ယခင်ပြစ်ဒဏ်နှင့် အသစ်ကျူးလွန်သည့် ပြစ်ဒဏ် နှစ်ခုစလုံးကို တစ်ပေါင်းတည်း ကျခံရမည်ဖြစ်ကြောငး သိရှိရသည။

ထောင်ဒဏ်ကျန်ရှိနေသေးသူများအနေဖြင့်လည်း စည်းကမ်းလိုက်နာပြီး ကောင်းမွန်စွာ နေထိုင်ပါက နောင်တွင် ထပ်မံ၍ လွတ်ငြိမ်းခွင့်နှင့် အခြားအခွင့်အရေးများ ထပ်မံရရှိနိုင်ဦးမည်ဖြစ်ကြောင်း၊ လွတ် မြောက်လာသည့် အကျဉ်းသား၊ အကျဉ်းသူများအား မိမိတို့၏ အမှားများကို သင်ခန်းစာယူကာ ပြင်ပလောကတွင် သမာအာဇီဝကျကျ လုပ်ကိုင်စားသောက်ကြရန် တာဝန်ရှိသူများက တိုက်တွန်းသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article