By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ်၁ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-အမေရိကန်နှင့်အစ္စရေးတို့က အီရန်နိုင်ငံကို တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး အီရန်ကလည်း အစ္စရေးနှင့် အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်စစ်စခန်းတွေကို တန်ပြန်တိုက်ခိုက်ခဲ့ရာ အဲ့ဒီဒေသတွေကို ရောက်ရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားထောင်ချီမှာလည်း စစ်ဘေးဒဏ်သင့်နေတယ်လို့ မြန်မာ အလုပ် သမားတွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ပေါ်မှာရှိတဲ့ အချက်အချာကျတဲ့ နေရာတွေနှင့် ရပ်ကွက်တွေထဲကို စစ်တပ် က ၄ ရက်ဆက်တိုက် ဝင်ရောက်စီးနင်း ကာ လူငယ် ၂၀၀ ကျော်ကို ပေါ်တာဆွဲ ဖမ်းဆီးသွားတယ်လို့ ဒေသခံ ပြည်သူ တွေဆီကနေ သိရပါတယ်။
-နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အ တွင်း စစ်အုပ်စုကားတစ်စီးကို ကြားဖြတ်တိုက်ခိုက် ခဲ့ရာ ၁ ဦးသာ လွတ်မြောက်ပြီး ကျန်စစ်သားတွေအကုန်သေဆုံးခဲ့တယ်လို့ စစ်ဦးစီးတပ်က မတ်လ ၁ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ထား ပါတယ်။
အီရန်က သူတို့ရဲ့ ခေါင်းဆောင်တွေ သေဆုံးမှုအတွက်
“အီရန်စစ်တပ်သမိုင်းမှာ အပြင်းထန်ဆုံးဆုံးသော ထိုးစစ်ဆင်မှု လုပ်မယ့်လို့ ပြောဆိုပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်နိုင်ငံရဲ့ လက်စားချေခြိမ်းခြောက်မှုအပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ပြုလုပ်သွားမယ်လို့ ဒီနေ့မှာ ထပ်ပြီး ရာဇသံပေးလိုက်တဲ့ သတင်းအပါအဝင် ညနေခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။




