31 C
Yangon

မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်၊ မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကလည်း ကျေးရွာများ အတွင်းတပ်စွဲထား

Must read

ရန်ကုန်၊ မတ် ၁

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ ညနေပိုင်း လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး မြေပြင်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်ကလည်း ကျေးရွာများ အတွင်းတပ်စွဲထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးနှင့် Mi-35 ရဟတ်ယာဉ် ၁ စီးက မြင်းခြံမြို့နယ်၊ ရွာရှည်ရွာကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှုအတွင်း ပြည်သူများ ထိခိုက်မှုမရှိဘဲ သရက်ခြံအတွင်း ကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ဘာတိုက်ပွဲမှ မဖြစ်ပါဘူး။ သရက်ခြံထဲမှာ ကျရောက် ပေါက်ကွဲတယ်လို့ သိရတယ်။ ဘာအထိခိုက်မှ မရှိဘူးလို့ သိရပါတယ်။ ရွာပြင် သရက်ခြံ ထဲချတာ အရင်နေ့တွေက လောင်းကစားဝိုင်းတွေ လုပ်နေတယ်လို့သိရတယ်။ ညနေ ၆ နာရီ ဝန်းကျင်လောက်က ကျဲသွားတာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဖေဖော်ဝါရီလ ၂၆ ရက်နေ့ကလည်း မြင်းခြံမြို့နယ်၊ ညောင်ဝန်းရွာကျေးရွာနှင့် သက္ကယ်ကျင်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ်က သက္ကယ်ကျင်းကျေးရွာမှ အသက် ၈၀ ကျော်အရွယ် အဘိုးအို ၁ ဦး နေအိမ်အတွင်း ပိတ်လှောင်၍ မီးရှို့သတ်ဖြတ်ခဲ့ပြီး အသက် ၃၀ နှစ်အရွယ် အမျိုးသား ၁ ဦးကိုလည်း ဖမ်းဆီးပစ်သတ်ခဲ့ကြောင်း သိရသည်။

ထို အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ နေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ပျက်စီးမှု အရေအတွက်ကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ ကျေးရွာအတွင်း မီးဝင်ငြိမ်းသည့် ပြည်သူ ၁ ဦးကိုလည်း စစ်တပ်က ဖမ်းဆီးထားကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်း သိမ်ကုန်းရွာ၊ နဘူးအိုင်ရွာနှင့် ညောင်ဝန်းရွာတို့၌ တပ်ဖြန့်ပြီး တပ်စွဲဆဲဖြစ်ကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက သိမ်ကုန်းရွာ၊ နဘူးအိုင်ရွာနဲ့ ညောင်ဝန်းရွာတွေထဲမှာ ဖြန့်ပြီးတော့ တပ်စွဲထားတုန်းပဲ စစ်ကြောင်းကတော့ ထွက်မလာသေးဘူး။ ပြည်သူတွေလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတုန်းပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

Photo – စစ်ကိုင်းတိုင်း အတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က ညအချိန် မီးရှို့နေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article