27 C
Yangon

အီရန်၏ ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဆော်ဒီနိုင်ငံရှိ အဓိက ရေနံချက်စက်ရုံကြီး ပိတ်သိမ်းလိုက်ရပြီး ရေနံစျေးများပါ တက်လာ၊ ပိတ်သိမ်းလိုက်ရသော ရေနံချက်စက်ရုံက တစ်နေ့ ရေနံစည် ၅ သိန်းခွဲ ထုတ်လုပ်နေသော စက်ရုံဖြစ်

Must read

ရန်ကုန်၊ မတ် ၂

အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် ဆော်ဒီနိုင်ငံရှိ အဓိက ရေနံချက်စက်ရုံကြီး ပိတ်သိမ်းလိုက်ရပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ဘက်က ပင်လယ်ကွေ့ဒေသတစ်လျှောက်ကို ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ ဆက်တိုက်ပစ်ခတ်နေပါတယ်။

အဲဒီထဲမှာ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အဓိကရေနံချက်စက်ရုံဖြစ်တဲ့ ရပ်စ်တနူရာ (Ras Tanura) စက်ရုံကို အီရန်ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ရေနံချက်စက်ရုံကို ရပ်နားလိုက်ရပြီလို့ သိရပါတယ်။

ဆော်ဒီအစိုးရ က ကြိုတင်ကာကွယ်တဲ့အနေနဲ့ ရေနံချက်စက်ရုံကို ပိတ်လိုက်တာဖြစ်ပြီး လက်ရှိမှာ အခြေအနေကို ထိန်းချုပ်ထားနိုင်တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အီရန်ရဲ့ ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုကြောင့် စက်ရုံဝင်းအတွင်း မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်မှာလည်း ပေါက်ကွဲမှု ဗီဒီယိုဖိုင်တွေ ပျံ့နှံ့နေပါတယ်။

တိုက်ခိုက်မှုတွေကြောင့် အရမ်ကိုစက်ရုံက ဝန်ထမ်းတွေကို ဘေးကင်းရာကို အရေးပေါ်ရွှေ့ပြောင်းပေးနေရပါတယ်။

ဆော်ဒီနိုင်ငံရဲ့ ရပ်စ်တနူရာ ရေနံချက်စက်ရုံက တစ်နေ့ကို ရေနံစည်ပေါင်း ၅၅၀,၀၀၀ ကျော် ထွက်ရှိပြီး အရှေ့အလယ်ပိုင်းမှာ အကြီးဆုံးနဲ့ ဆော်ဒီရဲ့ အဓိက ရေနံတင်ပို့ရာ ဗဟိုချက်ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့အတူ ပင်လယ်ကွေ့ဒေသတွင်း မငြိမ်မသက်မှုတွေကြောင့် တနင်္လာနေ့မှာ Brent ရေနံစိမ်းဈေးနှုန်းဟာ ၁၀ ရာခိုင် နှုန်းလောက်အထိ ထိုးတက်သွားခဲ့ပါတယ်။ လက်ရှိမှာ Brent ရေနံစိမ်း ၁ စည်ကို အမေရိကန်ဒေါ်လာ ၈၀ ဒေါ်လာဝန်းကျင်ရှိနေတယ်လို့ သိရပါတယ်။

အီရန်ရဲ့ လက်တုံ့ပြန်တိုက်ခိုက်မှုတွေဟာ ဆော်ဒီတင်မကဘဲ အဘူဒါဘီ၊ ဒူဘိုင်း၊ ဒိုဟာ၊ မာနာမာ နဲ့ အိုမန်နိုင်ငံက ဒူးကမ် (Duqm) ဆိပ်ကမ်းတွေအထိပါ ရောက်ရှိနေပြီး ယူအေအီးနဲ့ အိုမန်က သင်္ဘောကျင်းတွေကိုပါ ရပ်တန့်သွားစေခဲ့ပါတယ်။

လက်ရှိအချိန်အထိ အီရန်ရဲ့ တိုက်ခိုက်မှုတွေဟာ ဘာရိန်း၊ အီရတ်၊ ဂျော်ဒန်၊ ကူဝိတ်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေဗျနဲ့ ယူအေအီးနိုင်ငံတွေအထိ ရောက်ရှိနေတယ်လို့ သိရပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article