27 C
Yangon

အမေရိကန်-အစ္စရေး နှင့် အီရန် စစ်ပွဲ၏ နောက်ဆက်တွဲ အရှေ့အလယ်ပိုင်း ဒေသ အခြေအနေ ဆိုးရွားလာသည့် တိုက်ခိုက်ပေါက်ကွဲမှုများနှင့် နောက်ဆုံးရသတင်းများ

Must read

ရန်ကုန်၊ မတ် ၂

ဖေဖောဝါရီလ ၂၈ ရက်နေ့မှာ စတင်ခဲ့သည့် အမေရိကန်-အစ္စရေး နှင့် အီရန် စစ်ပွဲမှာ ယနေ့ မတ်လ ၂ ရက်နေ့တွင် အခြေအနေ ပိုမိုဆိုးရွားလာနေပြီး အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် သေဆုံး ထိခိုက်မှုနှင့် အပျက်အစီးများစွာ ရှိလာနေသည်။ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော နောက်ဆုံး အခြေအနေများကို သတင်းတိုများအဖြစ် စုစည်းဖော်ပြလိုက်ပါသည်။

🟥 အိုမန်ပင်လယ်ပြင် တိုက်ခိုက်ခံရမှု – မတ်စကတ် (Muscat) ကမ်းလွန် ၅၂ ရေမိုင်အကွာမှာ ရေနံတင်သင်္ဘောတစ်စီးကို ဖောက်ခွဲရေးပစ္စည်းတင်ဆောင်လာတဲ့ လှေတစ်စင်းနဲ့ တိုက်ခိုက်ခဲ့လို့ လူတစ်ဦး သေဆုံးသွားတယ်လို့ အိုမန်ရေကြောင်းလုံခြုံရေးဗဟိုဌာနက ဆိုပါတယ်။

🟥 ကာတာ စွမ်းအင်စက်ရုံများ တိုက်ခိုက်ခံရမှု- ကာတာနိုင်ငံ၊ ရက်စ်လတ်ဖန် (Ras Laffan) စက်မှုမြို့တော်မှာရှိတဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို ဒရုန်းနှစ်စင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ကာတာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

🟥ဆိုက်ပရပ်စ်ရှိ ဗြိတိန်စခန်းတွင် လေကြောင်းသတိပေးမှု- ဆိုက်ပရပ်စ်ကျွန်းပေါ်က ဗြိတိန်ရဲ့ အကရိုတီရီ (Akrotiri) အခြေစိုက်စခန်းမှာ မွန်းတည့်ချိန်နောက်ပိုင်း လေကြောင်းရန်သတိပေး အရေးပေါ် အချက်ပေးသံတွေ ထွက်ပေါ်ခဲ့တယ်လို့ ဆိုက်ပရပ်စ် နိုင်ငံပိုင်ရုပ်သံက ဖော်ပြပါတယ်။

🟥 ယူအေအီးတွင် ဒရုန်းပစ်ချမှု-ယူအေအီးနိုင်ငံ၊ ရက်စ်အယ်လ်ခိုင်းမား (Ras Al Khaimah) ဒေသမှာ ကျူးကျော်လာတဲ့ ဒရုန်းတစ်စင်းကို လေကြောင်းကာကွယ်ရေးစနစ်နဲ့ ပစ်ချနိုင်ခဲ့ပြီး အပျက်အစီးတွေဟာ အယ်လ်ဟမ်မရာ (al-Hamra) ကျေးရွာထဲကို ကျရောက်ခဲ့ပါတယ်။

🟥ဘာရိန်းဆိပ်ကမ်း တိုက်ခိုက်ခံရမှု- ဘာရိန်းဆိပ်ကမ်းအတွင်း ဆိုက်ကပ်ထားတဲ့ သင်္ဘောတစ်စီးဟာ အမည်မသိ ဒုံးကျည်နှစ်စင်းနဲ့ ထိမှန်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဗြိတိန်ရေကြောင်းကုန်သွယ်မှု စစ်ဆေးရေးအဖွဲ့ (UKMTO) က ထုတ်ပြန်ထားပါတယ်။

🟥 အီရန်နိုင်ငံအတွင်း ထိခိုက်မှု- အမေရိကန်နဲ့ အစ္စရေးတို့က အီရန်နိုင်ငံအတွင်းက ခရိုင်ပေါင်း ၁၃၁ ခုကို ပူးတွဲတိုက်ခိုက်ခဲ့တာကြောင့် အခုအချိန်အထိ လူပေါင်း အနည်းဆုံး ၅၅၅ ဦး သေဆုံးသွားပြီလို့ အီရန် ကြက်ခြေနီအဖွဲ့က ပြောပါတယ်။

🟥ဆော်ဒီ ရေနံချက်စက်ရုံ မီးလောင်မှု- ဆော်ဒီအာရေဗျနိုင်ငံက ပစ်ချလိုက်တဲ့ ဒရုန်းနှစ်စင်းရဲ့ အပျက်အစီးတွေ ကျရောက်တာကြောင့် ရပ်စ်တနူရာ (Ras Tanura) ရေနံချက်စက်ရုံမှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။ အခုတော့ ရေနံချက်စက်ရုံကို ပိတ်သိမ်းထားပါတယ်။

🟥ဆိုက်ပရပ်စ်ရှိ ဗြိတိန်စစ်အခြေစိုက်စခန်း တိုက်ခိုက်ခံရမှု- ဆိုက်ပရပ်စ်ကျွန်းပေါ်က ဗြိတိန်စစ်အခြေစိုက်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်ခံရလို့ လေယာဉ်ပြေးလမ်းကို ထိမှန်ခဲ့တယ်လို့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ကူးပါး (Cooper) က ဆိုပါတယ်။

🟥ကူဝိတ်တွင် အမေရိကန်တိုက်လေယာဉ်များ ပျက်ကျမှု- ကူဝိတ်နိုင်ငံအတွင်းမှာ အမေရိကန်တိုက်လေယာဉ် “အများအပြား” ပျက်ကျခဲ့ပေမဲ့ လေယာဉ်အမှုထမ်းတွေအားလုံး ဘေးကင်းတယ်လို့ ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ကူဝိတ်လေကြောင်းရန် ကာကွယ်ရေးစနစ်က မှားယွင်း ပစ်ချခဲ့တာလို့ သိရပါတယ်။

🟥လက်ဘနွန်တွင် သေဆုံးမှုများ- အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လက်ဘနွန်နိုင်ငံမှာ လူ ၃၁ ဦးထက်မနည်း သေဆုံးပြီး ၁၄၉ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

🟥ဘာရိန်းရှိ အမေရိကန်နိုင်ငံသားများအတွက် သတိပေးချက်- ဘာရိန်းနိုင်ငံမှာရှိတဲ့ အမေရိကန်နိုင်ငံသားတွေကို “အကြမ်းဖက်အဖွဲ့တွေ” က တိုက်ခိုက်ဖို့ ရည်ရွယ်နေတယ်လို့ ဘာရိန်းရှိ အမေရိကန်သံရုံးက သတိပေးလိုက်ပါတယ်။

🟥အီရတ်ရှိ အီရန်ကျောထောက်နောက်ခံပြုအဖွဲ့ တိုက်ခိုက်ခံရမှု- အီရတ်မြို့တော် ဘဂ္ဂဒက်တောင်ဘက်က ဂျာ့ဖ်အယ်လ်ဆာခါ (Jurf al-Sakhr) ဒေသမှာရှိတဲ့ အီရန်ကျောထောက်နောက်ခံပြု ခါတိုအစ်ဘ် ဟစ်ဇ်ဘိုလာ (Kataib Hezbollah) အဖွဲ့ရဲ့ စခန်းတွေကို အမေရိကန်-အစ္စရေး ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ လုံခြုံရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

🟥အာဘေးလ် (Erbil) တွင် ပေါက်ကွဲမှုများ- အီရတ်နိုင်ငံ၊ အာဘေးလ်မြို့မှာလည်း ပြင်းထန်တဲ့ ပေါက်ကွဲသံတွေ ကြားနေရတယ်လို့ အယ်လ်ဂျာဇီးယား သတင်းထောက်တွေက တင်ပြထားပါတယ်။

🟥ဒေသတွင်း အရေးပေါ် အချက်ပေးအသံများနှင့် ပေါက်ကွဲမှုများ- ဒီနေ့မနက်ပိုင်းမှာ ဘာရိန်းနိုင်ငံတစ်ဝန်း လေကြောင်းရန်သတိပေး ဆိုင်းရင်သံတွေ မြည်ဟီးခဲ့သလို အဘူဒါဘီ (Abu Dhabi) နဲ့ ဒိုဟာ (Doha) မြို့တွေမှာလည်း ပေါက်ကွဲသံတွေ ကြားခဲ့ရပါတယ်။

ဓာတ်ပုံ- AP။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article