32 C
Yangon

ရေးနှင့် သံဖြူဇရပ်မြို့နယ်ရှိ စစ်တပ် ယာယီစခန်းနှင့် ထင်းရှူးရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ မတ် ၃

မွန်ပြည်နယ်၊ ရေးမြို့နယ်နှင့် သံဖြူဇရပ်မြို့နယ်ရှိ အကြမ်းဖက် စစ်တပ် ယာယီစခန်းနှင့် ထင်းရှူးရဲစခန်းကို ဒရုန်းဖြင့် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ထိခိုက်မှုရှိကြောင်း Mon State Revolutionary Force – MSRF တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ရေးမြို့နယ်မြောက်ပိုင်း အောင်သပြေရွ် အနီးရှိ အကြမ်းဖက် စစ်တပ် ယာယီစခန်းချထားသော စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံး ၄ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို တိုက်ခိုက်မှု အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

မတ်လ ၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် သံဖြူဇရပ်မြို့နယ်၊ ထင်းရှူးကျေးရွာ အခြေစိုက် ရဲစခန်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ တိုက်ခိုက်မှု ပြုလုပ်ပြီးနောက် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးသေစာရင်းတော့ မသိရသေးဘူး။ အဲတိုက်ခိုက်မှုမှာ စစ်ခွေး ၃ ကောင် ထိခိုက်ဒဏ်ရာရထားတယ်လို့ နောက်ဆုံး သတင်းရထားပါတယ်” ဟု Mon State Revolutionary Force – MSRF တပ်ဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မွန်-တနင်္သာရီ ညီနောင်ဒရုန်းတပ်ပေါင်းစုသည် ညီနောင်တပ်ဖွဲ့ဖြစ်သော မွန်ပြည်ဖက်ဒရယ်ကောင်စီ၊ ကာကွယ်ရေးဌာန ကွပ်ကဲမှုအောက်ရှိ မွန်ပြည်တော်လှန်ရေးတပ် (MSRF) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နည်းဗျူဟာ (၃၃) ကွပ်ကဲမှုအောက်ရှိ ကံပေါက်ပြည်သူ့ကာကွယ်ရေးတပ်ရင်း(KBDF) (အမှတ်- ၈၀၀၂ တပ်ရင်း)၊ ရေးပြောက်ကျားတပ်ရင်း (YGF) (အမှတ်- ၈၀၀၁ တပ်ရင်း) မှ ဒရုန်းတပ်ဖွဲ့များဖြင့် စုဖွဲ့ထားသော ဒရုန်းတပ်ပေါင်းစုတို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article