25 C
Yangon

၄ ရက်မြောက်အထိ အရှိန်အဟုန်ပြင်းထန်လာသော အရှေ့အလယ်ပိုင်းစစ်ပွဲများ၏ နောက်ဆုံးရသတင်းများ

Must read

ရန်ကုန်၊ မတ် ၃

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှ စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်နိုင်ငံတို့၏ စစ်ပွဲမှာ ယနေ့ မတ်လ ၃ ရက်နေ့အထိ တိုက် ပွဲများ ပိုမိုပြင်းထန်လာလျက်ရှိနေသည်။ လက်ရှိအချိန်အထိ နှစ်ဖက်စလုံးက လက်လျှော့မည့် အရိပ်အယောင်မရှိသေးဘဲ တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် ကြုံးဝါးမှုများသာ မြင်တွေ့နေရသည်။

နောက်ဆုံးရသတင်းများ

===============

🟥ဂျေရုဆလင်မြို့အခြေအနေ- ဒုံးကျည်ပစ်ခတ်မှု နှစ်ရက်ကြာ ရပ်တန့်နေတဲ့အတွက် မြို့ခံတွေဟာ စိုးရိမ်စိတ်ရှိနေဆဲဖြစ်ပေမဲ့ ပုံမှန်ဘဝထဲကို တိတ်တဆိတ် ပြန်လည်ဝင်ရောက်ဖို့ ကြိုးစားနေကြပါတယ်။

🟥ဆော်ဒီအာရေးဗီးယား ရှုတ်ချ- ဆော်ဒီနိုင်ငံ၊ ရီယတ်မြို့ရှိ အမေရိကန်သံရုံးကို အီရန်က ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တာဟာ ဒေသတွင်းစစ်မီးကို ပိုတောက်စေတဲ့ ရိုင်းစိုင်းတဲ့လုပ်ရပ်ဖြစ်ကြောင်း ဆော်ဒီက ပြင်းပြင်းထန်ထန် ရှုတ်ချလိုက်ပါတယ်။

🟥ဘာရိန်းတွင် ဥသြဆွဲသံများကြားရ- အီရန်ရဲ့ တိုက်ခိုက်မှုအသစ်တွေ ထပ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းချက်တွေကြောင့် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ ဘာရိန်းနိုင်ငံတစ်ဝန်း အချက်ပေးဥသြဆွဲသံတွေ ထွက်ပေါ်ခဲ့ပါတယ်။

🟥တရုတ်နိုင်ငံ တိုက်တွန်း- အရှေကအလယ်ပိုင်း ဟော်မုဇ်ရေလက်ကြားအတွင်း သင်္ဘောတွေ ဘေးကင်းစွာ ဖြတ်သန်းနိုင်ရေးအတွက် တိုက်ပွဲတွေချက်ချင်းရပ်ကြဖို့နဲ့ တင်းမာမှုတွေ ထပ်မတိုးဖို့ တရုတ်နိုင်ငံက အဖွဲ့အစည်းအားလုံးကို တိုက်တွန်းလိုက်ပါတယ်။

🟥အီရန်အစိုးရအဖွဲ့ အဆောက်အအုံများ အတိုက်ခံရ- အီရန်သမ္မတရုံး၊ အမျိုးသားလုံခြုံရေးကောင်စီ အဆောက်အအုံနဲ့ အဆင့်မြင့်အရာရှိကြီးတွေ စုဝေးရာနေရာတွေကို ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

🟥အီရန်နျူကလီးယားစက်ရုံ ပျက်စီး- အီရန်နိုင်ငံ နာတန့်ဇ် (Natanz) နျူကလီးယားသန့်စင်စက်ရုံရဲ့ မြေအောက်ဝင်ပေါက် အဆောက်အအုံတွေမှာ ပျက်စီးမှုတချို့ရှိခဲ့ပေမဲ့ ရေဒီယိုသတ္တိကြွမှု အန္တရာယ်တော့ မရှိနိုင်ဘူးလို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့က ဆိုပါတယ်။

🟥အီရန်ဘက်က သေဆုံးမှုစာရင်း:- အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်ပွဲစတင်ကတည်းက အီရန်နိုင်ငံသား အနည်းဆုံး ၇၈၇ ဦး သေဆုံးခဲ့ရတယ်လို့ အီရန်လခြမ်းနီအသင်းက ထုတ်ပြန်ပါတယ်။

🟥အီရန်က ဒုံးကျည်များဖြင့် ပြန်လည်ပစ်ခတ်- အီရန်ဘက်က ဒုံးကျည်တွေနဲ့ ပြန်လည်ပစ်ခတ်လာတာကို တွေ့ရှိရပြီး ယင်းတို့ကို ကြားဖြတ်ဟန့်တားဖို့ လုပ်ဆောင်နေတယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

🟥ဟစ်ဇ်ဘိုလာ ရုပ်သံဌာန တိုက်ခိုက်ခံရ- ဘေရွတ်မြို့တောင်ဘက်ရှိ ဟစ်ဇ်ဘိုလာအဖွဲ့ပိုင် Al-Manar ရုပ်သံနဲ့ ရေဒီယိုဌာန တည်ရှိရာ အဆောက်အအုံကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အပြင်းအထန် ပျက်စီးသွားပါတယ်။

🟥ဆိုက်ပရပ်စ်ကျွန်းသို့ စစ်သင်္ဘောများစေလွှတ်- အီရန်ရဲ့ ဒရုန်းနဲ့ ဒုံးကျည်ရန်ကနေ ကာကွယ်ပေးနိုင်ဖို့အတွက် ပြင်သစ်နဲ့ ဂျာမနီနိုင်ငံတို့က ဆိုက်ပရပ်စ်ကျွန်းဆီကို စစ်သင်္ဘောတွေနဲ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေ အမြန်ဆုံး စေလွှတ်ပေးတော့မှာ ဖြစ်ပါတယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article