32 C
Yangon

အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ

Must read

ရန်ကုန်၊ မတ် ၄

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ တိုက်ပွဲမှာ ယနေ့ မတ်လ ၄ ရက်နေ့အထိ ၅ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေများကို သတင်းတိုများအဖြစ် တင်ဆက်လိုက်ပါသည်။

🟥 အစ္စရေးတပ်မတော်က အီရန်၏ ဒုံးကျည်ပစ်စင် အခုရေ ဒါဇင်ပေါင်းများစွာကို ဖျက်ဆီးနိုင်ခဲ့သော်လည်း အီရန်တွင် ဒုံးကျည်ပစ်ခတ်နိုင်စွမ်း သိသိသာသာ ကျန်ရှိနေသေးကြောင်း ပြောကြားလိုက်သည်။

🟥အစ္စရေးစစ်တပ်သည် လက်ဘနွန်နိုင်ငံတောင်ပိုင်းရှိ ခီယမ် (Khiam) မြို့သို့ ကျူးကျော်ဝင်ရောက်လာပြီး နယ်စပ်မှ ၆ ကီလိုမီတာခန့်အကွာအထိ ရှေ့တိုးလာနေသည်။

🟥ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးမြောက်ပိုင်း ဆာဖတ် (Safed) မြို့အနီးရှိ စစ်အခြေစိုက်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။

🟥ဆော်ဒီအာရမ်ကို (Saudi Aramco) ကုမ္ပဏီ၏ အကြီးဆုံး ပြည်တွင်းရေနံချက်စက်ရုံဖြစ်သော ရပ်စ်တနူရာ (Ras Tanura) စက်ရုံတွင် ပေါက်ကွဲစေတတ်သောပစ္စည်းတစ်ခု ကျရောက်ထိမှန်ခဲ့သည်။

🟥 အစ္စရေးနှင့် အမေရိကန် ခေါင်းဆောင်များက အီရန်နှင့်ဖြစ်ပွားနေသော ပဋိပက္ခသည် ရက်သတ္တပတ်ပေါင်းများစွာ ကြာရှည်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားထားသည်။

🟥 အီရန်နိုင်ငံသည် ကွယ်လွန်သူ ခါမေနီ (Khamenei) ၏ အရိုက်အရာကို ဆက်ခံမည့် နောက်ထပ် အထွတ်အထိပ် ခေါင်းဆောင်သစ်ကို ရွေးချယ်ရန် နီးစပ်နေပြီဖြစ်သည်။

🟥 အမေရိကန်သည် အီရန်အစိုးရကို ဖြုတ်ချရန်အတွက် အီရန်ထံမှ ခြိမ်းခြောက်မှုများကို အကြောင်းပြချက်အဖြစ် လုပ်ကြံဖန်တီးနေခြင်းဖြစ်သည်ဟု ရုရှားက စွပ်စွဲလိုက်သည်။

🟥 အာဆီယံ (ASEAN) အဖွဲ့ဝင်နိုင်ငံများက အရှေ့အလယ်ပိုင်းတွင် ပြန့်နှံ့လာနေသော ပဋိပက္ခများအပေါ် “အပြင်းအထန် စိုးရိမ်ကြောင်း” ထုတ်ပြန်လိုက်သည်။

🟥 အီရန်၏ အထွတ်အထိပ် ခေါင်းဆောင်သစ် ဖြစ်လာနိုင်ဖွယ်ရှိသူ မိုဂျတာဘာ ခါမေနီ (Mojtaba Khamenei) သည် အမေရိကန်နှင့် အစ္စရေးတို့၏ တိုက်ခိုက်မှုများမှ အသက်ဘေးလွတ်မြောက်ခဲ့သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article