27 C
Yangon

တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာတွင် တပ်စွဲထားသော စစ်တပ်နှင့် PDF တပ်များ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၄

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ တမုတ်ချုံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၁၀ ဦးသေဆုံးခဲ့ကြောင်း ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ တနင်္သာရီမြို့နယ် တမုတ်ချုံကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် PDF တပ်များ ၈ ရက်တာ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲများအတွင်း PDF တပ်က ဒရုန်းဖြင့် အကြိမ်ရေများစွာ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့်လည်း ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲများ ဖြစ်ပွားပြီး နယ်မြေရှင်းလင်းရေး ဆောင်ရွက်စဉ်တွင်လည်း တမုတ်ချုံရွာအတွင်း အကြမ်းဖက် စစ်တပ်များနှင့် PDF တပ်များ တိုက်ပွဲများ ထပ်မံဖြစ်ပွားခဲ့ကြောင်း၊ ယင်း တိုက်ပွဲများအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၁၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“တမုတ်ချုံရွာမှာက တိုက်ပွဲက ဆက်တိုက်ကို ဖြစ်ပွားခဲ့တာ နယ်မြေရှင်းလင်းရေး ဝင်တော့လည်း တိုက်ပွဲတွေ ဖြစ်တယ်။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှု တော်တော်များတယ်။ ကျနော် သိရသလောက်ကတော့ စစ်ခွေး ၁၀ ကောင်ထက်မနည်း သေဆုံးနိုင်ပါတယ်” ဟု ကျွန်းစုမြို့နယ် ပကဖ မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)၊ ကော့သောင်းခရိုင် တပ်ရင်း (၁) ၊ Dragon Squad ဒရုန်းတပ်ဖွဲ့၊ ADF ဒရုန်းတပ်ဖွဲ့၊ တနင်္သာရီမြို့နယ် ပကဖ နှင့် ကျွန်းစုမြို့နယ် ပကဖ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကာ၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article