28 C
Yangon

အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ စစ်ပွဲများနှင့် အရှေ့အလယ်ပိုင်းဒေသ နောက်ဆုံးရ သတင်းများ

Must read

ရန်ကုန်၊ မတ် ၅

ဖေဖော်ဝါရီလ ၂၈ ရက်နေ့ စတင်ခဲ့သော အမေရိကန်-အစ္စရေးနှင့် အီရန်တို့၏ တိုက်ပွဲမှာ ယနေ့ မတ်လ ၅ ရက်နေ့အထိ ၆ ရက်တိုင်ရှိလာပြီး နောက်ဆုံးရ အခြေအနေ သတင်းများကို တင်ဆက်လိုက်ပါသည်။

🟥 ကာတာနိုင်ငံ၊ ဒိုဟာမြို့လယ်နှင့် နီးကပ်စွာ ပေါက်ကွဲမှုများဖြစ်ပွား- ဒိုဟာမြို့ကောင်းကင်ယံတွင် ဒုံးကျည်ကာကွယ်ရေးစနစ်ဖြင့် ကြားဖြတ်ဟန့်တားမှုများကြောင့် ပေါက်ကွဲသံ အများအပြား ကြားရပြီး အမေရိကန်သံရုံး ရွှေ့ပြောင်းထားသည့် နေရာအနီးအထိ ပေါက်ကွဲမှုများ တဖြည်းဖြည်း နီးကပ်လာနေသည်။

🟥 ရုရှားနှင့် တရုတ်တို့က အီရန်အပေါ် စစ်မက်ပြုမှုကို ရှုတ်ချသော်လည်း စစ်ရေးအရ ပါဝင်ခြင်းမရှိ- ရုရှားနှင့် တရုတ်တို့က အမေရိကန်-အစ္စရေး၏ အီရန်အပေါ် တိုက်ခိုက်မှုသည် နိုင်ငံတကာဥပဒေကို ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြောဆိုကာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူရန် တောင်းဆိုခဲ့သော်လည်း စစ်ရေးအရ ကူညီမည့် အရိပ်အယောင် မပြသေးပေ။

🟥 အီရန်ဒရုန်းများ ကျရောက်မှုကြောင့် အဇာဘိုင်ဂျန်က အီရန်သံအမတ်ကို ဆင့်ခေါ်- အီရန်ဘက်မှ ပစ်ခတ်သော ဒရုန်းများမှာ အဇာဘိုင်ဂျန်ပိုင်နက်အတွင်းရှိ လေဆိပ်နှင့် စာသင်ကျောင်းအနီးသို့ ကျရောက်ခဲ့သဖြင့် အရပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကာ အဇာဘိုင်ဂျန်က ပြင်းထန်စွာ ကန့်ကွက်ခဲ့သည်။

🟥 အီရန်တွင် အင်တာနက်ဖြတ်တောက်မှု ၅ ရက်မြောက်နေ့သို့ ရောက်ရှိ- အီရန်နိုင်ငံအတွင်း အင်တာနက်အသုံးပြုမှုမှာ ပုံမှန်အခြေအနေ၏ ၁ ရာခိုင်နှုန်းခန့်သာ ရှိတော့ပြီး အင်တာနက် အသုံးပြုသူများကိုလည်း ဥပဒေကြောင်းအရ အရေးယူမည်ဟု ခြိမ်းခြောက်မှုများ ရှိနေသည်။

🟥 တူရကီ-အီရန် နယ်စပ်ဂိတ်များ ပုံမှန်အတိုင်း ဆက်လက်ဖွင့်လှစ်ထား- စစ်ပွဲဖြစ်ပွားနေသော်လည်း တူရကီနိုင်ငံ ဗန်ပြည်နယ်ရှိ ကာပီကိုနယျစပ်ဂိတ်တွင် လုံခြုံရေးနှင့် အကောက်ခွန် လုပ်ငန်းစဉ်များ ပုံမှန်အတိုင်း လည်ပတ်နေသည်။

🟥 ပဋိပက္ခများကြောင့် အီရတ်ဘောလုံးအသင်း၏ ကမ္ဘာ့ဖလားခြေစစ်ပွဲ ပါဝင်ခွင့် စိုးရိမ်ရ- အီရတ်လေပိုင်နက် ပိတ်ထားခြင်းကြောင့် အီရတ်လက်ရွေးစင်အသင်းမှာ မက္ကဆီကိုနိုင်ငံတွင် ကျင်းပမည့် ကမ္ဘာ့ဖလားခြေစစ်ပွဲ အဆုံးအဖြတ်ပွဲစဉ်များသို့ သွားရောက်ယှဉ်ပြိုင်နိုင်ရန် အခက်အခဲ ဖြစ်နေသည်။

🟥 ပြင်သစ်က အီရန်ကို အခြေအနေများ လျှော့ချရန် တိုက်တွန်း- ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးက အီရန်နိုင်ငံခြားရေးဝန်ကြီးနှင့် ဖုန်းဖြင့် ဆွေးနွေးရာတွင် အခြေအနေများ ပြေလျော့စေရန်နှင့် အီရန်တွင် ဖမ်းဆီးခံထားရသည့် ပြင်သစ်နိုင်ငံသားများကို လွှတ်ပေးရန် တောင်းဆိုခဲ့သည်။

🟥 အဘူဒါဘီလေဆိပ်တွင် လေကြောင်းခရီးစဉ်အချို့ ပြန်လည်စတင်- ယူအေအီးနိုင်ငံ၊ အဘူဒါဘီမြို့ရှိ ဇာယက်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဘေးကင်းလုံခြုံသည့် လေကြောင်းလိုင်းများမှတစ်ဆင့် လေကြောင်းပျံသန်းမှုအချို့ကို ကန့်သတ်ချက်ဖြင့် ပြန်လည်စတင်နေပြီ ဖြစ်သည်။

🟥 သီရိလင်္ကာရေပိုင်နက်အနီး ဒုတိယမြောက် အီရန်စစ်သင်္ဘောတစ်စင်း ထပ်မံရောက်ရှိလာ- အမေရိကန်ရေငုပ်သင်္ဘောက အီရန်စစ်သင်္ဘောတစ်စင်းကို နှစ်မြှုပ်ခဲ့သည့် နေရာအနီးသို့ အမှုထမ်း ၁၀၀ ကျော်ပါဝင်သော နောက်ထပ် အီရန်စစ်သင်္ဘောတစ်စင်း ချဉ်းကပ်လာနေသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article