28 C
Yangon

ပုလဲနှင့် ကောလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၅ ဦးသေဆုံး

Must read

ရန်ကုန်၊ မတ် ၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း Monywa Revolution မှတာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မတ်လ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် တံတားဦးလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးသည် ပုလဲမြို့နယ်၊ မြောက်ပိတောက်ကုန်းကျေးရွာကို တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို လေကြောင်း တိုက်ခိုက်မှုအတွင်း မြောက်ပိတောက်ကုန်းကျေးရွာမှ ပြည်သူ ၂ ဦးသေဆုံးကာ နေအိမ် ၂၀ လုံး ပျက်စီးသွားခဲ့ကြောင်းသိရှိရသည်။

အလားတူ ယင်းနေ့ ည ၉ နာရီကျော်ခန့်တွင် မုံရွာမှ တက်လေသော အကြမ်းဖက် စစ်တပ်၏ စစ်တပ်လေထီး ၂ စီးက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပုလဲမြို့နယ်၊ မရိုးတုံးကျေးရွာကို ထပ်မံ ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း မရိုးတုံးကျေးရွာ၌ နေထိုင်သော ပြည်သူ ၂ ဦး သေဆုံးကာ ၃ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“မနေ့ညက မုံရွာက တက်လာတဲ့ စက်တပ်လေထီး ၂ စီးက ပုလဲနယ် အနောက်မြောက်ခြမ်း၊ မရိုးတုံးရွာကို ဗုံးလာကျဲသွားတာပါ။ ပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရတယ်။ နေအိမ် ပျက်စီးမှုရှိတယ်။ သေဆုံးသူတွေရဲ့ နာမည် အသက်ရွယ်တွေကိုတော့ မသိရသေးဘူး” ဟု Monywa Revolution မှတာဝန်ရှိသူက ပြောဆိုသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ကောလင်းမြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့သောကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Kawlin Revolution-KR အဖွဲ့ ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများ ပြောဆိုချက်အရ သိရသည်။

မတ်လ ၅ ရက်နေ့ ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် မကွေးလေတပ်မှတက်လာသော အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီးက ကောလင်းမြို့ အရှေ့ခြမ်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှုအတွင်း ပြည်သူ ၁ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

“ကနဦးသိရတာတော့ ပြည်သူ ၁ ဦးသေဆုံးတယ်။ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အရေအတွက် အတည်အကျကိုတော့ အတည်မပြုနိုင်သေးဘူး။ ပြည်သူတွေလည်း တိမ်းရှောင်နေရတာတွေရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article