28 C
Yangon

ဖားကန့်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ ပြည်သူပိုင်‌ နေအိမ်တချို့လည်း မီးလောင်နေ

Must read

ရန်ကုန်၊ မတ် ၅

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ၃ ရက်ဆက် တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကာ ပြည်သူပိုင်‌ နေအိမ်တချို့လည်း မီးလောင်နေကြောင်း ဖားကန့်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၅ ရက်နေ့တွင်လည်း ဖားကန့်မြို့ မရှိကထောင်ရပ်ကွက်ဘက်၌ အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေပြီး အကြမ်းဖက် စစ်တပ်ကလည်း လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း၊ ထို့ပြင် တိုက်ပွဲဖြစ်ပွားရာ အနီးရှိ စည်ပင်ကွက်သစ် အထက်ပိုင်းတွင်လည်း ပြည်သူနေအိမ် ၁ လုံး မီးလောင်နေကြောင်း သိရသည်။

ထိုသို့ ထိတွေ့ တိုက်ပွဲများ ဖြစ်ပွားနေသော မရှိကထောင်ရပ်ကွက်ဘက်မှ ပြည်သူများသည်လည်း လက်ရှိချိန်တွင် ဘေးလွတ်ရာ တိမ်းရှောင်နေကြကြောင်း၊ ယင်းတိုက်ပွဲများသည် မတ်လ ၃ ရက်နေ့မှ စတင်ဖြစ်ပွားနေခြင်းဖြစ်ပြီး ယခုချိန်ထိ ပစ်ခတ်သံများ ကြားနေရကြောင်း သိရှိရသည်။

“ဖားကန့် မရှီကထောင်ရပ်ကွက်ဘက်က လက်ရှိတိုက်ပွဲဖြစ်ပွားတဲ့ နေရာဘက် စည်ပင်ကွက်သစ် အထက်ပိုင်းမှာ ပြည်သူပိုင် နေအိမ် ၁ လုံးမီးလောင်နေတယ်။ ဒီညနေပိုင်းက လောင်နေတာ လက်နက်ကြီးထိလို့ လောင်တာလား။ မီးလောင်ဗုံး ထိလို့ လောင်းတာလားဆိုတာကတော့ သေချာမသိရသေးဘူး။ ပြည်သူအများစုလည်း စစ်ဘေးရှောင်ထားကြပြီ” ဟု ဖားကန့်သတင်းရင်းမြစ် ပြောဆိုသည်။

အလားတူ မတ်လ ၄ ရက်နေ့ကလည်း ဖားကန့်မြို့ မရှီကထောင်ရပ်ကွက် ဆုတောင်းကုန်းနှင့် ကလပ်ကုန်းဘက်တွင် အကြမ်းဖက် စစ်တပ်နှင့် တော်လှန်ရေး တပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ ထိုထိတွေ့ တိုက်ပွဲဖြစ်ပွားရာနေရာကို အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲကာ အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article