By ရန်ကုန်ခေတ်သစ်
ဒီကနေ့ မတ် ၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက်စစ်တပ်က ပြည်သူတွေ အသုံးပြုနေတဲ့ မိုဘိုင်းလ်ဖုန်းဟန်းဆက်တွေကို IMEI အမှတ် အသား မှတ်ပုံတင်ခိုင်းထားတာကြောင့် စောင့်ကြည့်ခြေရာခံနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တဲ့အတွက် လုံခြုံရေးအရ ပြည်သူတွေ လိုက်နာလုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို Myanmar Internet Project က ထုတ်ပြန်ထားပါတယ်။
-အရှေ့အလယ်ပိုင်းက စစ်ပွဲတွေကြောင့် ဆီပြတ်လပ်မယ့် အန္တရာယ်တွေ ကြုံလာနိုင်တဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက် စစ်တပ်က သူတို့စစ်တပ်ကအတွက် ပြည်တွင်းက အရန်ဆီတွေကို ပေးပို့ကြဖို့ စက်သုံးဆီ တင်သွင်းနေတဲ့ ကုမ္ပဏီတွေဆီက တောင်းခံလာနေတယ်လို့မြန်မာနိုင်ငံစက်သုံးဆီတင်သွင်း ရောင်းချ ဖြန့်ဖြူးရေးအသင်းရဲ့ ဆီကုန်သည် ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း-ပဒါန်းလမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်တပ်ရဲ့ နတ်ရေကန်ဗျူဟာကုန်း အဓိက ပင်မ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော် AA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်သုံ့ပန်းနဲ့ လက်နက်ခဲယမ်းအချို့ကိုပါ သိမ်းဆည်းရရှိထားတယ်လို့ ရှေ့တန်းတော်လှန်ရေး သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
အမေရိကန်သမ္မတထရမ့်က အီရန်နိုင်ငံမှာ နောက်တက်လာမည့် ခေါင်းဆောင်အသစ်ကို သူကိုယ်တိုင် ရွေးချယ် ပေးချင်တယ်ဆိုပြီး ပြောလာပါတယ်။ သမ္မတ ထရန့်ဟာ အရှေ့မှာလည်း ဇန်နဝါရီလတုန်းက ဗင်နီဇွဲလားသမ္မတကို ဖမ်းဆီးပြီးနောက် သူနဲ့သင့်မြတ်တဲ့ စီ ရိုဒရီဂွက်ဇ်ကို ဗင်နီဇွဲလားနိုင်ငံရဲ့ ခေါင်းဆောင် အဖြစ် အစားထိုးခဲ့တဲ့ ပုံစံအတိုင်း အီရန်ကိုလည်း အဲ့ဒီ့လို လုပ်မယ့်သဘောမျိုး ပြောလာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။




