30 C
Yangon

ကျောက်ကြီးနှင့် မုန်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်မှု ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၆

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်နှင့် မုန်းမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ ဒရုန်းများဖြင့် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

မတ်လ ၄ ရက်နေ့တွင် မုန်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်က နတ်လောင်းလေး ကျေးရွာအတွင်းကို ဒရုန်ဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၅၃ နှစ်အရွယ် ဦးစိုးသိန်းနှင့် အသက် ၄၅ နှစ်အရွယ် ဒေါ်ဖြူတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် စစ်တပ်က ထောင်ထားသော မိုင်းနင်းမိပြီး အသက် ၃၃ နှစ်အရွယ် ဦးငြိမ်းချမ်းဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မတ်လ ၅ ရက်နေ့ကလည်း ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၁၂၀ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ အင်းပရိကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၃၃ နှစ်အရွယ် ဦး ထိုက်ထိုက်အောင် နှင့် အသက် ၄၆ နှစ်အရွယ် ဦး ခက်ခက်နိုင်တို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

အလားတူ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ကျောက်ကြီးမြို့နယ်ရှိ အကြမ်းဖက် စစ်တပ်၏ ခလရ-၂၆၄ တပ်ရင်းက ၈၁ မမ လက်နက်ကြီး ၁ လုံး ပစ်ခတ်ခဲ့ရာ တောင်ခင်ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျေးရွာအတွင်းရှိ စာသင်ကျောင်း ၁ ကျောင်း ထိခိုက်ပျက်စီးခဲ့ရကြောင်း၊ မတ်လ ၂ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က ၁၂၀ မမ လက်နက်ကြီး ၆ လုံးဖြင့် ပစ်ခတ်ခဲ့ရာ ကညင်ကျွန်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး အသက် ၂၇ နှစ်အရွယ် စောအယ်တော်စေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ကျွန်းကြီးကျေးရွာအတွင်းကိုလည်း စစ်တပ်က ဒရုန်းဖြင့် ဗုံး ၂ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အသက် ၂၈ နှစ်အရွယ် စောအယ်ကော်စေး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် ညောင်လေးပင်ခရိုင်အတွင်းရှိ ကျေးရွာများကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီး၊ ဒရုန်းများဖြင့် နေ့စဉ် ပစ်ခတ် တိုက်ခိုက်နေခြင်းကြောင့် ပြည်သူများသည်လည်း ဘေးလွတ်ရာတိမ်းရှောင်နေရပြီး စားဝတ်နေရေး ပိုမိုခက်ခဲလာကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article