28 C
Yangon

ဖားကန့်၊ တာမခံရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု မိခင်ဖြစ်သူ ဗုံးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ ၃ နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရ

Must read

ရန်ကုန်၊ မတ် ၇

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ တာမခံရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မိခင်ဖြစ်သူ ဗုံးထိမှန်ပြီး ပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ ၃ နှစ်အရွယ် ကလေးငယ် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖားကန့် သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၇ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ဖားကန့်မြို့နယ်၊ တာမခံကျေးရွာအုပ်စုရှိ ကျော်နိုင် ကျောက်စိမ်း လုပ်ကွက်အတွင်းကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို လေကြောင်းတိုက်ခိုက်မှုအတွင်း ကျောက်စိမ်း လုပ်ကွက်အဆောင်တွင် နေထိုင်သော သားမိ ၂ ဦး ကျည်ထိမှန်ပြီး မိခင်ဖြစ်သူ ပွဲချင်းပြီးသေဆုံးကာ သားဖြစ်သူ အသက် ၃ နှစ်အရွယ် ကလေးငယ် ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် ပြည်သူ ၂ ဦးခန့်သည်လည်း အနည်းငယ် ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သိရှိရသည်။

“တာမခံကျေးရွာ၊ ကျော်နိုင် ကျောက်စိမ်း လုပ်ကွက်ကို စစ်ခွေးတွေက ဂျက်ဖိုက်တာနဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ သားမိ ၂ ဦး ဗုံးထိမှန်ပြီးတော့ မိခင်ဖြစ်သူကတော့ ပွဲချင်းပြီးသေဆုံးတယ်။ သားဖြစ်သူ ၃ နှစ်အရွယ် ကလေးငယ်လည်း ထိခိုက်ဒဏ်ရာရတယ်။ ကျန်တဲ့ ပြည်သူ ၂ ဦးလောက်လည်း အနည်းငယ် ထိခိုက်မှုရှိတယ်လို့ သိရတယ်” ဟု ဖားကန့် သတင်းရင်းမြစ်က ပြောဆိုသည်။

အလားတူ မတ်လ ၄ ရက်နေ့ကလည်း ဖားကန့်မြို့ရှိ အကြမ်းဖက် စစ်တပ်၏ ဖားကန့်ဗျူဟာကုန်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့သောကြောင့် ကလပ်ကုန်းအနီးကို ကျည်ကျရောက် ပေါက်ကွဲကာ အသက် ၇၀ အရွယ် အဘွားအို ဒေါ်ဂျာဖာလု နှင့် အမည်မသိ အမျိုးသမီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article