27 C
Yangon

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး ကြံ့ဖွတ်လွှတ်တော်တွင် အဆိုတင်သွင်းအရေးဆိုမည်

Must read

ရန်ကုန်၊ မတ် ၈

မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့မှုများ ဖယ်ရှားရေး ကြံ့ဖွတ်လွှတ်တော်တွင် အဆိုတင်သွင်းအရေးဆိုမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၆ ရက်နေ့ စတင်မည့် လွှတ်တော်အစည်းအဝေးများတွင် လွှတ်တော်ဥက္ကဋ္ဌ သစ်များရွေးချယ်ခြင်း၊ သမ္မတသစ် ရွေးချယ်ခြင်းနှင့် အစိုးရဖွဲ့စည်းရေးတို့ကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ယင်းနောက် ပြည်ထောင်စုလွှတ်တော်တွင် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေး ပိတ်ဆို့မှုများ ဖယ်ရှားရေး အရေးကြီးအဆို တစ်ရပ်ကိုလည်း ကြံ့ဖွတ်ပါတီ တင်သွင်းသွားရန် ရှိနေကြောင်း သိရှိရသည်။

“တပ်မတော်က အာဏာထိန်းတာလည်းပြီးသွားပြီ။ လွှတ်တော်အသစ်တွေ၊ အစိုးရသစ်တွေ ပေါ်လာပြီ။ အဲဒီတော့ စီးပွားရေးပိတ်ဆို့မှုတွေက မလိုအပ်တော့ဘူး။ ရွေးကောက်ပွဲနဲ့အညီ အရပ်သားအစိုးရတက်လာပြီဖြစ်တဲ့အတွ့် စီးပွားရေးပိတ်ဆို့မှုတွေကို ရုပ်သိမ်းဖို့ အရေးကြီးအဆို တင်သွင်းဖို့ရှိတယ်” ဟု ကြံ့ခိုင်ရေးပါတီသတင်းရင်းမြစ်က ပြောဆိုသည်။

ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီကလည်း ရွေးကောက်ပွဲအရ ဖြစ်ပေါ်လာမည့် အစိုးရသစ်ကို နိုင်ငံတကာက လက်ခံပြီး စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုအသစ်များ ဆက် တိုက်ဝင်လာတော့မည်ဖြစ်ကြောင်း၊ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက်လည်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကြံ့ဖွတ်ပါတီ အစည်းအဝေးများတွင် ထုတ်ဖော်ပြောဆိုထားသည်။

စစ်တပ်က ဦးဆောင်ကျင်းပခဲ့သော ရွေးကောက်ပွဲမှာ နိုင်ငံတကာရှေ့မှောက်၊ သတင်းထောက်များရှေ့နှင့် ပြည်ပလေ့လာစောင့်ကြည့်ရေးအ ဖွဲ့များ၏ ရှေ့မှောက်တွင် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ပြီး လွတ်လပ်၍ တရားမျှတကြောင်း၊ ကြံ့ခိုင်ရေးပါတီ အနိုင်ရမှုမှာ ထိုက်တန်သော အနိုင်ရရှိမှုဖြစ်ပြီး ပြည်သူများက စိတ်ပါ လက်ပါ မဲပေးခဲ့ခြင်းကြောင့် အနိုင်ရခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးပိတ်ဆို့မှုများ မဖြစ်မနေ ရုပ်သိမ်းသွားလိမ့်မည်ဟု ခင်ရီက ဆိုသည်။

ယင်းအပြင် ရွေးကောက်ပွဲကြောင့် တက်လာသော အစိုးရသစ်လက်ထက်တွင် စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းကာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ အသစ်ဝင်လာမည်ဖြစ်ကြောင်း၊ ထိုအချိန် ပြည်တွင်းတွင် အလုပ်အကိုင် အခွင့် အလမ်းပေါများလာမည်ဖြစ်ကြောင်း ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article